24

7.3K 366 16
                                    

တစ်မျှော်တစ်ခေါ်ပွင့်လန်းနေကြသော တောရိုင်းပန်းပွင့်ဝါလေးများ....
တိုက်ခတ်နေသော ‌ညှင်းသွဲ့သွဲ့လေပြေလေး...
လှမ်းမြင်နေရသော စိမ်းစိမ်းစိုစိုတောတန်းများ...
မပူမအေးနေရှိန်လေးနဲ့ ခြုံပြောရရင်တော့ သိပ်အေးချမ်းတဲ့နေရာဒေသ....
ဘယ်နေရာဒေသ အတိအကျမသိပေမဲ့ နေကြာမဟုတ်တဲ့ ပန်းဝါဝါတွေကြောင့် သိပ်အေးချမ်းတာပဲ ....

"မင်း ငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ..."

"ခင်ဗျားပဲ ပန်းတွေကြိုက်တယ်ဆို...ကျုပ်ကတော်၀င်ပန်းတွေမဆက်သချင်ဘူး...အာ့ကြောင့် ဒီတောရိုင်းပန်းလေးတွေရှိတဲ့နေရာ ခေါ်လာပေးတာ...ခင်ဗျား ကြိုက်တယ်မလား"

"အင်း...ငါသိပ်ကြိုက်တာပဲ..."

"ရော့..."

"အင်း... သိပ်လှတာပဲ"

နှိုင်းကို ပန်းလေးတစ်ပွင့်အပင်ကခူးကပေးတော့ သဘောတကျပဲယူမိတယ်။ဒီကောင်လေးက နှိုင်းပန်းတွေကြိုက်မှန်းသိလို့ ခေါ်လာခဲ့တာတဲ့။တော်၀င်သဇင်တွေ မရလည်း ဒီပန်းလေးတစ်ပွင့်နဲ့တင် သိပ်ကျေနပ်နေမိတာ။

ပန်းလေးတွေကို တို့ထိကာ ပန်းခင်းကြီးထဲ လျှောက်ပြေးတော့ ခံစားချက်ကသိပ်ကောင်းတာပဲ...
နေအေးအေး လေအေးအေးမှာ နှလုံးသားလေး သိပ်အေးချမ်းနေတယ် ပြောရမလား...
နှိုင်လျှောက်ပြေး‌နေတာကိုပဲ သဘောတကျငေးကြည့်နေတဲ့ ကောင်လေးရယ်...
ပန်းဝါဝါတွေကို စိတ်ကြိုက်ခူးပြီး ပန်းစည်းတစ်စည်းထုံးဖွဲ့လိုက်တယ်... အင်း ဖြစ်သလိုထုံးလိုက်ပေမဲ့ ပန်းတွေလှလို့လားမသိဘူး ပန်စည်းလေးလဲ သိပ်လှတာပဲ...

"ဒီမှာ... ငါပန်းတွေလုပ်ထားတာလှလား.. "

နှိုင်း ဒီကောင်လေးဆီပြန်ပြေးသွားပြီး ပြတော့...

"အင်း... ခင်ဗျားလိုပဲ လှတယ်"

"ဟွန့်.. မင်းကပြောတော့မယ်.. "

"အာ့ဆို... ခင်ဗျားထက်လှတယ် ပြောရမလား"

"မဟုတ်ဘူးလေ... ငါပြောတာက.. "

"အဟက်... ဖြစ်သွားတာကြည့်ပါအုံး"

ပန်းလေးတွေက နှိုင်းလိုလှတယ်ပြောတော့လည်း မကြိုက်သလို နှိုင်းထက်လှတယ်ပြောတော့လည်း သဘောမကျပြန်။နှိုင်းတစ်ယောက်တည်းက ဒီကောင်လေးအတွက် အကောင်းဆုံးသူ ဖြစ်ချင်တာကို။မည့်သည့် သက်ရှိသက်မဲ့ကမှ သာသွားတာမျိုး မလိုချင်၍ ဘယ်လိုအဖြေပေးပေး မကြိုက်တဲ့ကိုယ်က နှုတ်ခမ်းလေးဆူမိတယ်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now