32 (Part 2)

5.3K 255 13
                                    

"ကျွန်တော် .. နောက်ကျသွားတယ် ..
တောင်းပန်ပါတယ် .. နယ်မှာ ထင်ထားတာထက်ပိုကြာသွားလို့ပါ အကြာကြီး စောင့်လိုက်ရတာလား"

"ဟင့်အင်း ငါက ရပါတယ် ။မင်း အဆင်ပြေလာခဲ့တယ်မလား .. "

"အင်း .. ကျွန်တော် အဆင်ပြေခဲ့ပါတယ် "

"အင်း .. ဒါဆို ပြန်ကြရအောင် .. "

နှိုင်း ဒီကောင်လေးက နောက်ကျမယ်ဆိုပြီး ဖုန်းဆက်ပြောထားလို့ ထိုင်စောင့်နေခဲ့တာ ... ။
သာလွန်လဲ ညဘက်တွေဆို ဆိုင်က၀န်ထမ်းတွေ ကိုယ်စားလှယ် လွှဲနေကျ ဖြစ်သော်လည်း ဒီနေ့မှသာ နှိုင်းအတွက်အဖော်လုပ်ရင်း ကူစောင့်ပေးနေခြင်း ။စောင့်နေတယ်ဆိုသော်လည်း သာလွန်ရှိနေတော့ ထွေထွေထူးထူး ပျင်းစရာကောင်းမနေခဲ့ပါဘူး ။နှိုင်းစောင့်နေစရာမလိုအောင် ဒီကောင်လေးက အပြေးလေး ပြန်လာခဲ့တာပဲလေ .. ။

ကိုအောင်ကျော် လိုက်ပို့သည် ထင်ပါသည် .. ။ကားပေါ်ကနေ ကမူးရှူးထိုး ပြေးဆင်းလာသော ကောင်လေးကြောင့် လဲသွားမှာ စိုးရသေးသည် ။
နှိုင်းကိုလှမ်းမြင်နေရက်သားနဲ့ကို ပျောက်သွားမည်စိုးသည့်အလား ဒီကောင်လေးကအရမ်းပိုပါသည် ...။

"လက်ရုံး .. ရောက်လာပြီလား ။မင်းရောက်လာပြီဆို ငါလဲပြန်မယ် ... မကြီးမငယ်ကို ကလေးလုပ်ပြီး စောင့်ပေးနေရတာ ကောင်မလေးနဲ့ ချိန်းထားတာတောင် ဖျက်လိုက်ရတယ် .. "

"ဟုတ် .. ကိုသာလွန်ကို ကျေးဇူးလည်းတင်ပါတယ် အားလည်း နာပါတယ် ... "

"မလိုတာကို .. ငါက စတာပါကွာ .. ။ငါပြန်မယ် နှိုင်းတု မင်းဟာလေးလာပြီဆိုတော့ မင်းလဲလိုက်သွားလို့ရပြီ .. "

"အင်း .. ကျေးဇူးပဲ "

"အိုခေ .. ဘိုင့် ။အော်..ဒါနဲ့ နှိုင်းတု မင်းကိုမေးဖို့ မေ့နေလို့ ..ဟိုလေ မနေ့ညက မင်းတို့ ဘာဖြစ်ကြသေးလဲ ..."

"ဟင် ..မနေ့ညက .."

ကြံကြံဖန်ဖန် မနေ့ညက ဘာဖြစ်ကြသေးလဲ မေးတော့ နှိုင်းတို့ဖြစ်ခဲ့တာကို ပြောပြစရာ လိုလို့လား ...။

"မဟုတ်ဘူးလေကွာ ...မနေ့ညက ဆေးမိသလိုမျိုး ၊တစ်ခုခုကိုလိုချင်နေသလိုမျိုး ..အဲ့လိုလေကွာ ..အဲ့ဒါ မင်းဖြစ်သေးလား .."

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now