33

6.2K 256 14
                                    

ယခုရက်ပိုင်းတွေ နှိုင်း သာလွန်ဆိုင်ကို အခါအားလျော်စွာ လာဖြစ်တယ် ။အတိအကျပြောရရင်တော့ နေ့တိုင်းနီးပါး ဆိုသလိုပါပဲ ။ဆိုင်မှာလိုအပ်တာလေးတွေလဲ ကူညီရင်း၊လုပ်ကူရင်းနဲ့ ဆိုတော့ နှိုင်း ဒီဆိုင်က ၀န်ထမ်းလိုတောင် ဖြစ်နေလေပြီ ။သာလွန်ကတော့ နှိုင်းရောက်လာလို့ အရင်လို ဆိုင်ထိုင်ရတာ ပျင်းတယ်ဆိုတာတောင် မရှိတော့ပါဘူးတဲ့ ။'ငါ့ဆိုင်ကို ပိုတိုးတတ်အောင်လုပ်ပေး ၊မင်းသာလုပ်ပေးရင် ငါတကယ် လစာပေးမှာ ' ပါတဲ့ ။'ငါဒီလောက်လုပ်ကူတာ မပေးရင် ဆွဲထိုးမယ်' ပြောတော့ ကပ်စေးကုပ်က ရယ်နေလေရဲ့ ။

တခါတလေ အလုပ်တွေမအားလပ်တဲ့အခါမျိုး ၊ဆိုင်မှာလူကျသည့် အခါမျိုးဆို နှိုင်း တခါတခါ customer တွေအတွက် မှာထားတာလေးတွေ ချပေးရတာမျိုးရှိသည် ။ထိုအခါကျ ဆိုင်လာသည့် မိန်းကလေးများက နှိုင်းကို မျက်တောင်မွှေးဆုံးအောင် လိုက်ကြည့်တတ်ကြသေးတာ ။သာလွန်ကတော့ ဒါကိုပဲ သဘောတကျ ။'အဲ့လို ခနခနသွားချပေးပါ ၊မင်းရှိလို့လား မသိ ဆိုင်ကလူပိုကျပြီး ပိုရောင်းရပါတယ် 'တဲ့လေ ။ငွေအတွက်ဆို သူငယ်ချင်းကိုပါ ရောင်းစားမယ့်ကောင်မလို့ မေတ္တာအပြည့်နဲ့ ပြန်ဆဲပေးလိုက်ရသေးသည် ။ထိုအခါမှ ထုံးစံအတိုင်း မျက်နှာကြီးဖြီးပြီး 'ငါက နောက်တာပါ ၊စတာပါ .. ။မင်းဟာလေး လက်ရုံးကိုတော့ ငါဒီလိုလုပ်ခိုင်းတာကို ပြန်မပြောပါနဲ့ကွာ ' တဲ့ ။အမြင်ကပ်ကပ်နဲ့ 'စိတ်ချ ၊ဆယ်ခါ ပြန်ပြောမှာ 'ဆို မျက်နှာချိုက သွေးပြီ.. ။ဒီကောင်လေးကို ဘာတွေရှိန်ကြသည် မသိ ။ဒီကောင်လေးကဖြင့် ဒီကောင်တွေကို အကိုတစ်ယောက်လို အမြဲတလေးတစား ဆက်ဆံတတ်တာ ။စနောက်ရင်တောင် သူ့မှာသဘောထားအပြည့်နဲ့ ခွင့်လွှတ်တတ်တာ .. ။ဒင်းတို့ကသာ မဟုတ်တာ လုပ်ထားသည့် သူများဆိုတော့ အိုးမလုံအုံပွင့်ကြသည့် သဘော ။

ဒီကောင်လေးကတော့ မနက်ဆို အလုပ်မသွားခင် နှိုင်းကိုလိုက်ပို့ပြီး သူ့အလုပ်ကို ပုံမှန်သွားတတ်ပါတယ် ။နှိုင်းကို စောင့်ရှောက်ဖို့ ၊ဂရုစိုက်ဖို့ရာအတွက်လည်း သာလွန်ကို မှာသည်မှာ သာလွန်တောင် နေ့တိုင်းဟောတဲ့ တရားတော်ကြီးကို အလွတ်ရနေလို့ ပြန်ရွတ်ပြရသည်အထိ .. ။ထိုအခါမျိုးဆို 'ကျွန်တော်က စိတ်မချလို့ပါ' တဲ့ ။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now