"မောင် "
"ဗျာ... ဘာဖြစ်လို့လဲ ကျွန်တော်ဘာလုပ်ပေးရမလဲ... "
"ဟင့်အင်း... ဘာမှမလုပ်ပေးရဘူး.. မင်းကိုခေါ်တိုင်း ခိုင်းစရာရှိတယ်ပဲ ထင်နေတာလား "
"မဟုတ်ဘူးလေ... ကျွန်တော်က "
"ရှူး... ဘာမှမပြောနဲ့ "
ဒီလူ သူ့သူငယ်ချင်းတွေ ပြန်သွားပြီးကတည်းက ကိုသာလွန်တို့ ဇွတ်တိုက်တဲ့ တစ်ခွက်ပဲသောက်ရုံကို မူးပါတယ်လုပ်နေလို့ ဆိုဖာပေါ်ထိုင်ခိုင်းထားတာ ။မူးတယ်သာပြောတာ အရင်ဆို ဒီကြွက်တွင်းလေးက တစ်ပုလင်းလုံးမှောက်ချလဲ သိပ်မူးတတ်တာမဟုတ် ။ကိုယ်တောင် သောက်နေကျမဟုတ်သော်လည်း တစ်ခွက်လောက်နဲ့ ဘယ်လိုမှမနေ ။
မအိပ်ခင် ပန်းကန်အပေအကျံတွေကြည့်ပြီး မနေတတ်တာနဲ့ မအိပ်သေးပဲသန့်ရှင်းရေး လုပ်နေတုန်း နောက်ကရောက်လာပြီး ဘာလုပ်ပေးရမလဲမေးပြန်တော့လဲ ဒီမမူးတမူးလေးက မဟုတ်ရပြန်ဘူး ။သူ့လက်သေးသေးဖောင်းဖောင်းလေးတွေနဲ့ သူ့နှုတ်ခမ်းသူ ရှူးခနဲ ပြန်လုပ်ကာ ဘာမှမပြောပါနဲ့တဲ့ ။ဘာအလိုမကျရပြန်သည် မသိ။
"အိပ်ချင်လို့လား ..ဒါလေးပြီးရင် သိပ်မယ်နော် "
"ဟင့်အင်း မသိပ်နဲ့ ..ငါက အိပ်ချင်ပါတယ် ပြောလို့လား "
"ဒါဆို ဘာလဲ ဘာလိုချင်လို့လဲဟင်.."
"မင်းက ငတုံးလေးလား..."
"ဗျာ... ကျွန်တော်က "
"အင်း..."
ဟော ကျွန်တော်က ခုလဲ ငတုံးဖြစ်ရပြန်ပြီ ။ကျွန်တော်က မင်းသားမဟုတ်ပေမဲ့ ဒီလူနဲ့ဆို
ငတုံးဖြစ်လိုက် အရူးဖြစ်လိုက်နဲ့ မျိုးစုံပါတယ် ။တခါတလေကျပြန်တော့လည်း သူအစောနိုးတတ်တဲ့နေ့လေးတွေဆို အလုပ်သွားခါနီး ပြင်ဆင်နေတဲ့ကျွန်တော့်ကို စေ့စေ့စပ်စပ်ကြည့်ပြီး 'မင်းက ချောလိုက်တာ 'ဆိုပြီး အံ့ဩတကြီးပြောတတ်တာလေးကတော့ ချွင်းချက်ပေါ့။ 'ခင်ဗျား ယောင်္ကျားမို့လို့ 'ဆိုကာ ပြန်ပြောရင် ကုတင်ပေါ်က လုံးလုံးလေးက ခေါင်းအုံးပျံတွေ လွှတ်တော့တာပဲ မကြိုက်တာလည်းမဟုတ်။ဒီလူဘာလုပ်လုပ် ကမ္ဘာမြေအဆုံးထိချစ်မယ့် ကျွန်တော်က အဲ့လိုအချိန်တိုင်း ပြုံးပြုံးကြီး ။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"