20

8.9K 365 9
                                    

လောကကြီး၏ အလင်းရောင်ကို မြင်စပြုတော့မည့် လုံခြုံနွေးထွေးလှသောရင်ခွင်တွင်းသက်ဆင်းလျှက်ရှိသောသူ တစ်ဦး၏ မျက်၀န်းတစ်စုံ...
နိုးသည်လည်း မမည်ဘဲ အူယားဖွယ်မျက်ခွံလေးတွေက လှုပ်စိလှုပ်စိ...

နှိုင်း တင်းကျပ်သော ခံစားမှုစိတ်အစဉ်ကြောင့် လူက ကြံ့ခိုင်သောကျောက်ဆောင်ကြား ထိုင်‌‌နေရသလို၊ ကျဉ်းထဲကျပ်ထဲ ရောက်နေရသလို ၊ ကိုယ့်ကိုကိုယ် ဖက်ထုပ်သဖွယ် ခံစားလာရသောကြောင့် နိုးလာရသည်။

ခေါင်းက တဆစ်ဆစ်ကိုက်ခဲလှသည် မဟုတ်သော်လည်း တအုံ့တ‌နွေး။

ကျစ် မနေ့က သာလွန်တားနေသည့်ကြားက အရှိန်လွန်သွားခဲ့တာပဲ...
ပြန်တွေးကြည့်လိုက်တော့ ဖြစ်စဉ်တွေက ဇာတ်ကွက်တွေလို ခေါင်းထဲ အနှေးကွက်နဲ့ပြတယ်...။မနေ့က...နှိုင်းကို ဟိုကောင်လေး လာခေါ်ပေးခဲ့တာပဲ... တခါတလေ မူးသည်ဖြစ်သောကြောင့် အသိက ရတစ်ချက် မရတစ်ချက်။
အတွေးထဲ အလောတကြီးနဲ့ နှိုင်းကို လာနှိုးတဲ့
ဟိုကောင်လေးကိုတော့ ကွက်ကွက်ကွင်းကွင်း...

အတွေးတွေကသာ ခလုတ်နှိပ်လိုက်သလို လည်ပတ်နေသော်လည်း မျက်၀န်းတွေက ခုထိမဖွင့်နိုင်သေး...
အားယူပြီး ဖွင့်လိုက်ကာမှ...
မြင်လိုက်ရတဲ့ ရင်ဘက်အကျယ်ကြီး...
ဟင် နှိုင်း ဘယ်သူ့ရင်ခွင်ထဲရောက်နေရတာပါလဲ။မျက်လုံးတွေကို တစ်ချက်နှစ်ချက်လောက် ပွတ်ဆွဲပြီး မော့ကြည့်လိုက်ကာမှ တွေ့လိုက်ရတဲ့ မျက်နှာချောချောလေး...
ဒီပုံစံဆို နှိုင်းတစ်ညလုံး ဒီကောင်လေး ရင်ခွင်ထဲ အိပ်နေခဲ့တာလား။နှိုင်းတစ်ကိုယ်လုံး ဒီကောင်လေးပေါ် လုံးလုံးလျားလျား။ခေါင်းအုံးလည်း မဟုတ်ပဲ ဒီကောင်လေး လက်မောင်းပေါ်မှာ။

မြင်နေရတဲ့ နဖူးပြေပြေလေးရယ် မျက်ခုံးစင်းစင်းလေးရယ် စူးရဲတဲ့ မျက်၀န်းညိုတွေက ဖိပိတ်ထားသော်လည်း အရှိန်မပြေ။နှာတံစင်းစင်းလေးနဲ့ နှုတ်ခမ်းပါးပါးလေးတို့က ပိုပြီးပြည့်စုံစေတဲ့ အရာတွေများလား။

နှိုင်း ဒီကောင်လေးရင်ခွင်ထဲကနေ အပေါ်ကိုတိုးကာကြည့်တော့...
မနေနိုင် မထိုင်နိုင် မျက်ခုံးတန်းလေးကို လက်လေးနဲ့ ပွတ်ဆွဲမိတယ်...
ဒါလား နှိုင်းကို အမြဲခြိမ်းလားခြောက်လားပြုတတ်တဲ့ မျက်၀န်းတွေ။သဘောမ‌တွေ့တာလေးများဆို မျက်မှောင်ကြီးကြုတ်ပြီး လုပ်ပြတတ်တဲ့ ကောင်လေးရဲ့ မျက်၀န်းတွေက ဖွင့်ဟမထားသော်လည်း မထင်မှတ်ထားအောင် သိပ်လှ‌တာပဲ။နှာတံစင်းစင်းလေးပေါ် လက်ချောင်းလေးတွေ တင်ကြည့်မိတယ်။နှုတ်ခမ်းပါးပါးလေးကနေ ခင်ဗျား ခင်ဗျား နဲ့ဆူပူတတ်တာလေးတွေကို နှိုင်းတော့ အပြစ်မမြင်ပါဘဲ သိပ်ကြိုက်နေမိတာပဲ...

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now