လက်ရုံး ကိုမိုးဇော် ဒီနေ့အလုပ်လာတာ နောက်ကျနေ၍ ဂိုထောင်ထဲက ပစ္စည်းတွေပဲ လိုက်စစ်နေလိုက်သည်။အကုန်လုံးကတော့ စင်းလုံးချော ဘယ်ဖြစ်ပါ့မလဲ။ဒီတိုင်း စုန်းပြူးစေ့တွေက မပါမဖြစ်။လေတွေကြည့် တိုက်နေသူများကလည်း လက်ရုံးကို မြင်ကာမှ အိုးတမ်းအမ်းတမ်းနှင့် ဟိုဟာကိုင်ရမလို ဒီဟာကိုင်ရမလို။ဟောက်စားတွေကလဲ ကိုယ့်အထက်ကလူတွေ့ပါက လက်သည်းဝှက်ရတာပါပဲ။ကြီးနိုင်ငယ်ညှင်းဆိုသလို ကိုယ့်ဘ၀ကိုယ်မေ့ ဆရာတော့ လုပ်လိုက်ရမှ နေသာထိုင်သာရှိကြသော သူများကလည်း စားသည့်မျှစ် ဝါးမှန်းမသိကြ။လက်ရုံးက နေမြဲအတိုင်းနေပါသော်လည်း ဦးမာန်ရှိန်က နောင်တစ်ချိန်သူ့အစား တာ၀န်ယူမည်ဖြစ်ကြောင်း ကြွေးကြော်ထားတော့ ရှိန်ကြပုံပင်။
"အော် ...လက်ရုံး ဒီနေ့ သူဌေးမလာဘူးလား"
ကုန်တွေထမ်းတင်ရင်း လက်ရုံးကို မြင်၍ နှုတ်ဆက်စကားဆိုသော ကိုဘလှ...
"ဟုတ်တယ်ဗျ...နယ်ဘက်သွားလို့လေ
ဦးမာန်ရှိန်က ကြိုမပြောဘူးလား...""ဘယ်ပြောမလဲ အောက်ခြေသိမ်းတွေဆိုတော့ကွာ...မိုးဇော်ကနေတစ်ဆင့်တော့ သိကြပါတယ်.."
"သိချင်တာလေးတွေရှိရင်
ကျွန်တော့်ကို မေးနိုင်ပါတယ်...""ကျေးဇူးပါကွာ...လက်ရုံးက
ဥပဓိရုပ်ရော သဘောမနောရော
တယ်ကောင်းသကိုး ...အခြားသူတွေကတော့
ရှိန်တယ်ပြောကြပေမဲ့ ကျုပ်ကတော့ မောင်လက်ရုံးကို သဘောကျပါ့ကွာ..""ဟားး ကိုဘလှတို့ကတော့ လုပ်ပြီ
ခုလို ရှိန်မနေလို့ ကျေးဇူးပါဗျာ
တစ်လှေထဲသွားတဲ့သူတွေပဲ ပွင့်ပွင့်လင်းလင်းပေါ့...""အေးကွာ...ပစ္စည်းစစ်စရာ ရှိတာလဲ ဆက်စစ်ပေါ့
ကုန်တွေ ဆက်တင်ရအုံးမယ် အပြီးလုပ်ရမှာကွ.."ကိုဘလှက လက်ရုံးမျက်နှာချင်း တန်းမိနေသူတစ်ယောက်။ရိုးသားကြိုးစားသော သူမို့ ဘာရှိရှိ ပါးစပ်အပြည့် အားရပါးရပြောသည်မှာ လက်ရုံးတို့ရွာကလူတွေအတိုင်း။သူများ မျက်ခုံးမွှေးပေါ် စကြန်မလျှောက် တတ်သော ကိုဘလှကို အငယ်လေးတွေကလဲ တလေးတစား။ကိုမိုးဇော်ထက်ပင် အငယ်တွေပေါ် ဩဇာလွှမ်းနိုင်သည်။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"