25

8.1K 327 15
                                    

"ဟေ့ရောင် မောင်လွင် မင်းသူဌေးကိုအမှန်တိုင်းပြောလိုက်လေ.. မင်းတော့ကွာ မင်းတို့လုပ်လိုက်တဲ့ကိစ္စကိုအသေးလေး ထင်နေတာလား"

"ကိုဘလှရာ...ကျုပ်တကယ်မပြောရဲလို့ပါ..ပြီးတော့လုပ်ချင်လို့လုပ်တာမဟုတ်ပါဘူးဗျာ ကျုပ်ကိုခွင့်လွှတ်ပါဗျာ..."

"ဒီမှာမောင်လွင် မင်းကိုငါ့အလုပ်သမားဆိုပြီး ငါကိုယ်တိုင်စစ်မေးနေတာ မဟုတ်ရင်ရဲလက်တစ်ခါထဲ အပ်လိုက်ပြီ နားလည်လား... "

"သူဌေး ကျုပ်နောက်မလုပ်တော့ပါဘူးဗျာ ကျုပ်ပြောလိုက်ရင် ကျုပ်ကိုသတ်လိမ့်မယ်ဗျ..."

"ဟေ့ရောင် ...အမှန်အတိုင်းမပြောရင် ငါအရင်သတ်မိတော့မယ်.."

စီစီတီဗွီမှတ်တမ်းအရ လုပ်ကြံသူကို မမြင်ရသော်လည်း လုပ်ကြံသူနှင့် ပူးပေါင်းကြံစည်သူဖြစ်သည့် မောင်လွင်ကိုခေါ်ပြီး စစ်မေးနေခြင်းဖြစ်သည်။ရဲလက်တစ်ခါထဲ အပ်လိုက်လျှင် ကိစ္စအေးပါသော်လည်း နောက်ကွယ်ကကြိုးကိုင်သူကို ကိုင်တိုင်စစ်မေးလိုသောကြောင့် မေးနေခြင်းဖြစ်သည်။ဒါကို မောင်လွင်က ဘူးခံငြင်းနေ၍ ကိုဘလှပင် လုံး၀စိတ်ရှည်တော့တာမဟုတ်။ဦးမာန်ရှိန်ကိုယ်တိုင်လည်း ‌ဒီကိစ္စကျူးလွန်သည်ကို လုံး၀သီးမခံနိုင်။ဒါ မောင်လက်ရုံးသာကံမကောင်းလျှင် အသက်ပါသွားနိုင်သည်မဟုတ်ပါလား။သို့သော် ရဲလက်မအပ်ခင် မိမိလက်ထံ ခြေလွန်လက်လွန်မဖြစ်ချင်၍ ထိန်းနေခြင်း။

"ကျုပ်ကိုမသတ်ပါနဲ့ဗျာ...သူဌေး ကျုပ်ကိုခွင့်လွှတ်ပါဗျာ...ကျုပ်မိန်းမရှိသေးတယ်ဗျ ကျုပ်မရှိရင် သူတစ်ယောက်တည်းကျန်နေခဲ့မှာ သနားသောအားဖြင့်ခွင့်လွှတ်ပေးပါဗျာ..ကျုပ်က သူဌေးအလုပ်သမားပဲလေ "

"မင်းကိုမသတ်ဘူး..မင်းကိုထောင်ထဲပို့မှာ အေးတစ်ခုတော့ရှိတယ် မင်းကိုခိုင်းတဲ့သူက ဘယ်သူဆိုတာပြောရင် မင်းအပြစ်တွေလျော့အောင်တော့ လုပ်ပေးလို့ရတယ် မင်းမပြောရင် ငါလဲမတတ်နိုင်ဘူး "

"သူဌေး ကျုပ်ကိုထောင်ထဲလဲ မပို့ပါနဲ့ဗျာ..တောင်းပန်ပါတယ်ဗျာ ကျုပ်နောက်မလုပ်တော့ပါဘူး"

"ဟေ့ရောင်...လုပ်ပြီးမှ တောင်းပန်မနေနဲ့ မင်းအမှန်တိုင်းပြောရင် သူဌေးက မင်းကိုအပြစ်လျှော့ပေးမယ်တဲ့ ပြောလိုက်လေကွာ ဒီကောင်တော့"

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now