"နှိုင်းကို.. တို့ပဲ ခေါ်သွားပြီး ပြန်ပို့လိုက်ပါ့မယ်"
"အော်... ရပါတယ်ဗျ နှိုင်းတုကို ကျွန်တော်ပဲ ပြန်ပို့လိုက်ပါ့မယ်.. မနေခြည်က မိန်းကလေးဆိုတော့ မသင့်တော်ပါဘူး ပြီးတော့ ဒီကောင်က မှောက်နေပြီ"
ဒီကောင် နှိုင်းတု တစ်ခါမှ မူးပြီးမှောက်တာမျိုးမရှိ။ဒီကြွက်တွင်းကောင် ဒီနေ့မှ အရှိန်လွန်တာများကြိုးပျက်ပြီး ဘရိတ်ကိုမအုပ်နိုင်တော့။
ဒါကို မနေခြည်က သူပြန်ခေါ်သွားမယ်လုပ်နေသည်။ထည့်လိုက်လို့က မဖြစ်။ဘယ်သူ့မှမကြောက်။ကြောက်တာက မှောက်နေတဲ့ ငမူးကောင်။မနက်ကျ သူ့ကိုသူစိမ်းလက်ထဲ ထည့်လိုက်ရလားဆိုပြီး ပြဿနာရှာမှာ အသေအချာ။ကြားထဲက ကိုယ်က ခါးနာနေရအုံးမည်မို့ အမှန်တကယ် တိုင်ပတ်။
"ဘာလို့လဲ..နှိုင်းမာမီ အန်တီခင်ထားကလဲ တို့နဲ့ဆို စိတ်ချမှာပါ..နှိုင်းနဲ့ကလဲ သိပ်ရင်းနှီးတဲ့ ဆက်ဆံရေးလေ..အို ရင်းနှီးတာထက် ပိုတော့မှာပါ.."
"ဟို..အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးဗျ..
နှိုင်းတုက ကျွန်တော်တို့ပဲ လိုက်ပို့ရမယ်ပြောလို့ပါ.."ဟုတ်တာ မဟုတ်တာအသာထား။ကြားထဲက ကိုယ်ကပဲ ဖာတတ်ရသည်။ဟိုကောင်နှစ်ကောင်ကလဲ သုံးစားမရ။မနေခြည်ကလဲ ဇွတ်မို့ လူက ရူးချင်လာရသည်။
"ကိုသာလွန်.."
"အော်..လက်ရုံး လာပြီလား မြန်မြန်ကြွခဲ့ပါ လာ"
သုံးယောက်စလုံး မှောက်နေသည်မို့ မလွှဲသာသည့်အဆုံး ကံကောင်းပါစေဆိုပြီး လက်ရုံးကို ဖုန်းဆက်ခေါ်ကြည့်လိုက်တာ နယ်ဘက်ကပြန်ရောက်နေသည်မို့ တော်သေးသည်။မဟုတ်ရင် ဒီငမူးကောင်တွေကတစ်မျိုး မနေခြည်ကတစ်မျိုး ခေါင်းမွှေးဖြူမည့်ကိန်းလေ။
လက်ရုံး နယ်ကပြန်ရောက်ရောက်ချင်း ကိုသာလွန်က ဖုန်းဆက်ခေါ်လို့ မီးခဲပေါ်ယင်နားသလောက်တောင်မထိုင်နိုင်ပဲအပြေးလာရသည်။
မနေခြည်က ဘယ်လိုလုပ်ပြီး ရောက်နေရတာလဲ။
ကိုသာလွန်ပုံစံကလဲ ကိုယ့်ကိုတွေ့မှ ကယ်တင်ရှင်ကြီး တွေ့သည့်နှယ်။အံတကြိတ်ကြိတ်နဲ့ ရောက်နေတာကိုပဲ အမြန်လာခိုင်းနေပြန်သည်။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"