37

6.7K 208 2
                                    

ယခုဆိုရင် နှိုင်းတို့ရွာမှာ မင်္ဂလာဆွမ်းကျွေးလေးပြီး ပြန်လာတာ တစ်လကိုးသီတင်းပင် ရှိနေပြီဖြစ်သည်။နှိုင်းကိုယ်တိုင်လည်း ဒယ်ဒီလက်စသက်ထားသည့် ကုမ္ပဏီလုပ်ငန်းအား လုပ်ကိုင်နေပြီဖြစ်သည် ။နှိုင်းတို့နှစ်ယောက် ဘ၀ကိုအတူတူဖြတ်သန်းကြပြီဆိုတော့ နှိုင်းလူပိုကြီး ဖြစ်မနေချင်ပါ။ ဒီကောင်လေးဆန္ဒကတော့ နှိုင်းကိုဘာမှထွေထွေထူးထူးမလုပ်စေချင်ပဲ သူပဲလုပ်ကျွေးပါမည်တဲ့ ။နောက်ဆုံး နှိုင်းက ဒီကုမ္ပဏီကို ဆက်လုပ်ချင်ပါသည်အတင်းပြောတော့မှ နှိုင်းသဘောပါတဲ့ ။ဒယ်ဒီကလဲ နှိုင်းကိုကိုယ်ထူကိုယ်ထ ဖြစ်စေချင်လွန်းလို့ ၊နှိုင်းဝါသနာပါမည် ထင်တာလေး ထူထောင်
ပေးခဲ့တာ ။အလဟဿ ဖြစ်သွားအောင် ပစ်မထားနိုင်ပါ ။ မျိုးစုံနေအောင် ချော့ပြောမှ အင်းလိုက်ခြင်းလည်း ဖြစ်သည်မို့ မလွယ်ပါ ။

ကုမ္ပဏီက နှိုင်းတစ်ယောက်ထဲတော့ နိုင်တာမဟုတ် ။ဦးမင်းမြတ်က ရှယ်ယာသုံးပုံတစ်ပုံပါ၀င်ပြီး ဖေးကူမလို့သာ တော်ကာကျသည် ။တစ်ခါတလေ လုပ်ငန်းတွေမနိုင်တဲ့အခါ စိတ်ဓာတ်ကျတာမျိုး ၊နားပစ်လိုက်ချင်တာမျိုး ဖြစ်ပေမဲ့ အလုပ်အရမ်းကြိုးစားတဲ့ဒီကောင်လေးမျက်နှာကိုကြည့်ပြီး ဖြေဖျောက်ရတာပါပဲ။နှိုင်းပင်ပန်းတဲ့အခါမျိုးဆို သိပ်ခက်ခဲနေရင် ရပ်ပစ်လိုက်ပါတဲ့ ကျွန်တော်က ခင်ဗျားတစ်ယောက်ကိုတော့ ၀အောင်ကျွေးနိုင်ပါတယ် ဆိုပြီးဒီလိုချွတ်နောက်နောက်နဲ့စတတ်ပါသေးသည်။တစ်ခါတလေလဲ အစတိုင်းကခက်ခဲတတ်တာတွေ ၊ဘယ်အရာမှစစချင်း အဆင်မပြေနိုင်ကြောင်းတွေကို ပြောပြီး နှိုင်းအတွက်အားဆေးလေးလည်း ဖြစ်ပေးပါသည် ။ နှိုင်းကတော့ ဒီကောင်လေးအနားမှာရှိရင်ကို ၊ဒီကောင်လေးမျက်နှာမြင်နေရရင်ကို အားတွေပြည့်ရပါသည် ။

ဒီကောင်လေးကတော့ ဒယ်ဒီ့ပွဲရုံမှာ ထုံးစံအတိုင်းတာ၀န်ယူတယ် ။မတူတာတစ်ခုက ဒယ်ဒီက အရင်လို ပွဲရုံကိုဆက်မလုပ်ပဲ အပြီးအနားယူလိုက်တာပါပဲ ။ ဒီကောင်လေးကို စိတ်ချပါပြီတဲ့ ။သူ့စံနှုန်းတွေနဲ့ညီလို့ထင်ပါသည် ပြန်လှည့်မကြည့်တော့ပဲ ဒီကောင်လေးကိုပဲ အကုန်ပုံအပ်ခဲ့တော့တာဖြစ်သည် ။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin