34(Part 2)

4.8K 221 7
                                    

"ဒါမှ ငါ့မိန်းမ .. မင်း ငါတို့သားကို ဒီလိုမျိုး နားလည်ပေးလိုက်တာ ငါသိပ်၀မ်းသာတယ် "

"အို .. ကိုမာန်ရှိန်ကလဲ ကျွန်မက ဘယ်တုန်းက ဒီသားလေးအလို မလိုက်တာရှိခဲ့လို့လဲရှင် .. "

"မင်းပဲ အပြောကောင်း ။ ဒါဆို အစက မင်း သားကို ပစ်ပစ်ခါခါပြောဆိုခဲ့လို့ တို့သားကိုယ်တိုင် အားငယ်ခဲ့ရသေးတာ မဟုတ်လား "

"ဒါတွေပြောမနေတော့ပါနဲ့ အကိုရယ် ။ခုဆို သားလေးနဲ့ သဘောတူညီမှုတွေရပြီး ငြိမ်းချမ်းသွားပြီ ။ဒါ့ကြောင့် ကျွန်မသားက ကျွန်မဆီကို ခုလိုလာတာပေါ့ရှင် ။"

ဒါကတော့ ဒယ်ဒီ့နဲ့ မာမီရဲ့ ပျော်ရွှင်နေကြပုံ တစ်မျိုးလို့ ဆိုရလေမလား ။ရန်ဖြစ်ရင်တောင် ဒေါသသံမပါတဲ့ ဒယ်ဒီက နှိုင်းတို့ကို နားမလည်ပေးခင် စပ်ကြားကလဲ ခုလိုမျိုးပဲ မာမီ့ကို တိုးတိုးတမျိုးကျယ်ကျယ်တမျိုး နားချခဲ့လေမလား ။မာမီက အလျှော့ပေးပြန်တော့လည်း ခုလိုမျိုး သူ့မိန်းမသူ ချစ်စနိုးလုပ်ပြီး စနောက်တတ်သေးတာ ။ဒါကို မာမီတစ်ယောက်ကလဲ အတည်တွေယူပြီး ချစ်ဖို့ကောင်းအောင် ရန်ပြန်တွေ့တယ် ။

"အေးအေး ဟုတ်ပါပြီ ။မင်းပဲ အချစ်တတ်ဆုံးကြီးမို့ မင်းပဲနိုင်ပါတယ်ကွာ ။"

"ကိုမာန်ရှိန်ကိုယ်တိုင်ကရော ကျွန်မသားကို ခုမှပိုချစ်ပြနေသလားလို့ ။အရင်ကဆို ကျွန်မက သားကိုအလိုလိုက်ရင်တောင် မျက်နှာတည်နဲ့ သိပ်ကြိုက်တာ မဟုတ်ဘူးမလား ။"

"ဒါကတော့ ဖခင်တွေရဲ့ ချစ်တာပုံစံမတူတာပါကွာ ..မင်းက ပြောတော့မယ် "

"ဟုတ်ပါပြီရှင် ..။ကျွန်မသားလေးကို ခုမှပိုချစ်ပြနေတော့ ပြောချင်လွန်းလို့ပါ ...။ကျွန်မထင်တာ
မောင်လက်ရုံးကို သားမက်တော်လိုက်ရလို့ ခုလိုပိုပြနေသလားလို့ပါ ...အစထဲက အကိုက မောင်လက်ရုံးကို သဘောတကျကျဆိုတော့လေ "

"ခုမှပိုပြရတယ်လို့ မဟုတ်တာကွာ ။ အယ် ..မောင်လက်ရုံးကတော့ အားကိုးချင်စရာဆိုတော့ သဘောကျတာ မဆန်းပါဘူးကွာ ။လိုချင်တယ်ဆိုတော့လဲ လိုချင်တယ်ကွာ။ ခုတော့ သမက်ဖြစ်သွားပြီဆိုတော့ မာန်ရှိန်တို့က အားကိုးရသွားပြီပေါ့ကွာ ..ဟားး။"

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now