မိုးရေ တတ်ရေ တဖွေးဖွေး ..
ကွင်းကျယ် အဝေးဝေး .. ။
လယ်စောင့်တဲလေး ခြေတံရှည် ..
မိုးကုတ်အောက်မှာနေ ..။
ကြာဖြူတစ်ပွင့် နီတစ်ပွင့် ...
တဲနဲ့ ပနံသင့်တယ်လို့ ..
ကျောင်းစာတွေ အော်ကျက်ရင်းနဲ့ ..
မိအေးနဲ့ တို့ရဲ့အဖော်တွေ ..
ကျောင်းကအပြန် လယ်ကွက်ထဲမှာ ..
မိုးထဲရေထဲ ...ကိုကြီးဖိုးထောင် !
"လန့်လိုက်တာ ဂွတိုရာ ဘာလို့နေရင်းထိုင်ရင်းကြီး ထအော်ရတာလဲ။"
"နားညီးလို့ဗျ နားညီးလို့ ။ဒီလို ဆက်ဆိုနေမယ်ဆို ရောက်တဲ့နေရာကနေ ထပြန်ရလိမ့်မယ်။"
"ဟေ့ကောင် ဂွတို မင်းကနာမည်တင်မဟုတ်ဘူး လူလဲ အတော်ဂွကျတာပဲ ။အနုပညာကို မခံစားတတ်ဘူးကွာ အာ့ကြောင့် ဝေးတယ် ပြောရတာ ။ဒီမှာ ငါဆိုတဲ့ ဖိုးထောင်က တွေးရင်းငေးရင်း ဆိုနေတာ ၊အလကားသက်သက်အားလို့မဟုတ်ဘူး။"
"ဘာထူးလို့လဲ ။ကိုကြီးဖိုးထောင် လေကြီးတာတော့ လှတောသားတောင် လိုက်မမှီလောက်ဘူး"
"ငါကြားဖူးတာတော့ လှတောသားတွေက အပြောကြွယ်တာပါကွာ ။ဘယ့်နှယ့် မင်းကျမှ လေကြီးတယ်လို့ ။"
"မဖြစ်နိုင်တာတွေ ပြောမှတော့ လေကြီးတာ မဟုတ်လို့ ဘာလဲ။"
"အေး သူ့ဘာသာ အပြောကြွယ်ကြွယ် လေကြီးကြီး ခနထားလိုက်အုံး ။ငါတွေးနေတာ ကိုကြီးလက်ရုံးကိုကွ ..မိန်းမလဲရသွားပြီ ယောက္ခမနဲ့လဲ အဆင်ပြေသွားပြီဆိုတော့ ရွာပြန်လာမယ်ပြောတာ ခုထိအစအနတောင် မတွေ့ရသေးဘူးကွာ။"
"ဟာ ..ကိုကြီးလက်ရုံးက ကိုကြီးနှိုင်းတုနဲ့ရတာလေ ။မိန်းမရသွားတာမှ မဟုတ်ပဲ "
"မင်းကလဲကွာ စကားကိုမမှားရဲဘူး ။ငရဲပြည်က ယမမင်းတောင် မင်းလောက်မတိကျလောက်ဘူး။ငါလဲ ရုတ်တရက် ယောင်သွားလို့ပါကွာ ..ပြီးတော့ ကိုကြီးနှိုင်းတုကိုကြည့်လေ မိန်းမတွေထက် သာတယ် တကယ်အလှပဂေးလေးလေ ။
ဒါနဲ့ မင်းကဘယ်လိုသိ ""မသိစရာလား ။ကိုကြီးလက်ရုံးက သူဌေးဦးမာန်ရှိန်သားကို ခိုးပြေးတယ်ဆိုလား နှစ်ယောက်သားထွက်ပြေးသွားတယ်ဆိုလား ဦးမာန်ရှိန်မိန်းမကတော့ ဒီကိစ္စကိုသဘောမတူဘူးဆိုလား .. အဲ့တာ တစ်ရွာလုံးသိတယ် ။တရားခံကလဲ ကိုကြီးဖိုးထောင်ပဲ မလား "
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"