23

7.8K 368 8
                                    

ဖိုးထောင်တို့ ပြန်သွားပြီးကတည်းက ဒီလူတစ်ယောက်တည်း ဘာတွေအလုပ်ရှုပ်နေသည် မသိ။အခန်းထဲ ရှေ့လျှောက်နောက်လျှောက်နှင့်လှည့်ပတ်ကြည့်ပြီး စစ်ဆေးတယ် ။မသိလျှင် လူနာခန်းတွေ သန့်မသန့်လိုက်စစ်သည့် ဆေးရုံက တာ၀န်ရှိဆရာတွေအတိုင်း။မဟုတ်တောင် မနက်ကတည်းက အထူးခန်းထဲ ဘာတွေရှိသည်၊လိုအပ်လျှင်လည်း သန့်ရှင်း‌ရေးတွေ၊ နေ့ဖြစ်စေ ညဖြစ်စေ အစောင့်တွေထံ ခေါ်မေး ခေါ်ပြောနိုင်ကြောင်းကို အက်ကြောင်းထပ်အောင် ပြောသွားသဖြင့် ဖိုးထောင်ပင် နားပွင့်မတတ် နားထောင်ခဲ့ရပြီးပြီ။ဒါကို ဒီလူက လိုက်စစ်နေသည်မှာ မပြီးနိုင်။

တိုက်ရမည့်ဆေးတွေကို ကြည့်ပြီး တွေ့ကရာ မစီမရီထားခဲ့သည့် ဖိုးထောင်ကိုလည်း အပြစ်တင်နေသေးသည်။နေ့ ၊ည ခွဲခြားပြီး ဆေးကတ်တွေ ပြန်စီတယ်၊ မှင်တွေနဲ့ ထင်ခြားအောင် လိုက်မှတ်တယ်။ကိုယ့်ကိုလဲ ခေါင်းမူးသေးလား၊‌ ခေါင်းနောက်သေးလား စုံနေအောင် တစ်မိနစ်ခြားတစ်ခါလောက် မေးနေသောကြောင့် ခေါင်းကဒီတိုင်းဆို သိပ်မမူး ၊ပြန်ဖြေနေရသောကြောင့် အလှူ၀တ်လှည့်ရင် ရှေ့ဆုံးကပါသည့် မောင်းကြီးလိုပဲ ခြာခြာလည်နေရသည်။

ဘာရယ်မဟုတ် စဉ်းစားမိတာက ဒီလူ စီးပွားရေးမလုပ်ပဲ ဆရာ၀န်လုပ်ရမှာ။စေတနာထားသည့်နေရာမှာလည်း ဘုရားဖြစ်မည့်လောင်း‌လျာ ပါရမီဖြည့်နေသည်လားဟုပင် ထင်ရသည်။လူချစ်လူခင်ပေါပြီး လူတကာချစ်ခင်အောင်နေတတ်သည့် ဒီလူက အရင်ဘ၀က မျက်နှာမြင်ချစ်ခင်ပါစေ၊အသံကြားသနားပါစေ ဆုများပြည့်လာလား ထင်မိသည်။ဆရာ၀န်ဆိုလျှင် မျက်နှာလှလှ၊အသံလှလှလေးကြောင့် လူနာတွေဝိုင်းနေမည့်ပုံ။

"မင်း...ဆေးသောက်ချိန်ရောက်ပြီ..ငါ စားပွဲခင်းလိုက်တော့မယ်.."

"အင်း..."

ဆေးကတ်တွေကို အကျအနစီရီမှတ်သားပြီး နာရီကိုတစ်ချက်ကြည့်ကာ ဆေးသောက်ချိန်ရောက်ပြီဟု ပြောလာသည်။

ပြီးတာနဲ့ စားပွဲအသေးလေးကို ကုတင်ပေါ် တင်ပေးပြီး အရီးမြချက်လာတဲ့ ဆန်ပြုတ်တွေ၊အသားကြော်တွေကို အစီအရီချတယ်။ချိုင့်တွေရော အုပ်တွေပါမကျန် ဇွန်း‌တွေ အစိလိုက်တပ်ပေးကာ ပါလာတဲ့ လက်သုတ်ပုဝါလေးက အစ မပေမကျံစေရန် အသင့်အနေအထား။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Όπου ζουν οι ιστορίες. Ανακάλυψε τώρα