"ဟာ .. ဟာ နေကြအုံး ။အောက်က ဘာကြီးတတ်နင်းမိလဲမသိဘူး ကြည့်ပေးကြပါအုံးကွ .."
"မင်းကလဲကွာ ဖြစ်ရပြန်ပြီ ရွာရောက်ပြီဆိုကတည်းက ဂဏှာက်ိုမငြိမ်ဘူး ရေသောက်တာတောင် အရိုးမစူးလို့တော်သေး ။မဟုတ်ရင် ငါတို့ကောင်တွေကပဲ နင်းကန်ပြီးထုတ်ပေးရအုံးမယ်။"
"သာလွန် မင်းကတော်စမ်းပါကွာ မကူပေးပဲ ပြောနေလိုက်။"
"ဟားး ကိုကြီးညီစေ နွားချီးပုံတတ်နင်းမိတာပဲ ။"
"ဟင် .. ရှိုးတော့ပဲ့ပါပြီကွာ ။ဖိုးထောင် မင်းတို့ရွာက နွားတွေကိုက လမ်းလည်ခေါင်ကို ဘာကိစ္စတတ်ပါရတာလဲ။"
"ဒါတော့ဗျာ နွားကလူလိုမသိလို့ပေါ့ဗျာ ။လူလိုသိတဲ့ ကျွန်တော်တို့ကပဲ ရှောင်ရတာပေါ့။"
"မင်းက ငါ့ကိုလူလိုမသိဘူးပြောလိုက်တာလား။"
"ညီစေ မင်းဘာသာကန်းပြီးမမြင်တာကို ကလေးကိုပတ်ရမ်းမနေနဲ့ ။မော့ကြွားမော့ကြွားနဲ့ ရှိုးအထုတ်လွန်နေလို့ ဖြစ်တာ ။လမ်းက ဒီလောက်အကျယ်ကြီး မင်းကိုကအသုံးမကျတာ ။အဲ့ဒါကြောင့် မခိုင်မာကိုငါက ခေါ်လာမယ်ပြောတာ ။မင်းဆိုတဲ့ကောင်က ခုထဲက ရွာထဲကအပျိုတွေငမ်းနေပြီလေ အဟမ်း။"
"မင်းတို့ကလဲကွာ သူ့ကိုတော့ ပြန်မပြောကြနဲ့ ။ဒါတောင် လိုက်မယ်တကဲကဲလုပ်နေလို့ မနဲချော့ပြီးထားခဲ့ရတာ ။"
ရည်းစားခေါ်လာရင် မလွတ်လပ်မှာကြောက်လို့ ထားခဲ့ပါတယ်ဆို ဒီကောင်တွေနဲ့လာရတာက ပိုဆိုးနေသည် ။မရှိတဲ့သူကိုတောင် သွားတပြီး ချွန်တုံးလုပ်ချင်နေတာ ၊ကိုယ်တောင်တတာမဟုတ်ပေ ။လမ်းကအကျယ်ကြီးဆိုပေမဲ့ လမ်းလည်ခေါင်ရောက်နေတဲ့ ဒီနွားချီးပုံကို မမြင်မိပေ ။ထို့ကြောင့် တတ်နင်းမိတာကို ဖိုးထောင်ကလဲ တဟားဟား ။မနေ့ကမှ ခင်တယ်ဆိုပေမဲ့ ဖိုးထောင်ကသွတ်တော့ နှစ်ရှည်လများခင်လာခဲ့ကြတဲ့ကလေးလို အကုန်လုံးနဲ့ ရင်းရင်းနှီးနှီး ။
အင်း .. ရွာထဲက ရွာသူလေးတွေ ငမ်းရအောင်လဲ ခုထိခွေးတစ်ကောင်ကြောင်တစ်မှီးမှ တွေ့သေးတာမဟုတ်ပေ ။ပြန်တိုင်ပါမယ်ပြောတဲ့ ဒီကောင်တွေကလဲ မငမ်းတာမဟုတ် ။ဒါကို ဖအေ့ထက်သားတစ်လကြီးပြနေတဲ့ကောင်တွေ ။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"