နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရှေ့တွင် မော်ဒယ်အမြင့်
ကားနက်နက်စွေးစွေးကြီး တစ်စီးက မြင်နေကျ မြင်ကွင်းမဟုတ်သော်လည်း ဂုဏ်ရှိန်ဂုဏ်ဝါသည်ကား အပြည့်။ဦးမာဃ နှင့် ဒေါ်တင်လှတို့ မိမိတို့ အလုပ်ရှင်လည်းဖြစ်၊ရပ်ဆွေရပ်မျိုး ကျေးဇူးရှင်လည်း ဆိုအပ်သော ဦးမာန်ရှိန်ဟုန်တို့အား ဧည့်ခံ စကားပြောေနခြင်းပင်။
"မောင်မာန်ရှိန်တို့ ဘယ်ကလှည့်လာကြတာလဲကွဲ့
ဆိုင်းမဆင့် ဘုံမဆင့်နဲ့""ဘယ်ကမှ လှည့်လာတာမဟုတ်ပါဘူး
အမရယ် ကျွန်တော်တို့ ဒီကိုပဲလာတာ""အိုကွယ် ဘာအရေးကိစ္စ အထွေအထူးများ
ရှိကြလို့တုန်း""ဘာမှမရှိပါဘူးဗျာ ခင်ထားလေ သူ့သားကို လွမ်းလှပါပြီဆိုပြီး ကျွန်တော့်ကို လိုက်ပို့ခိုင်းနေတာကြာပြီ အလုပ်တွေမအားမလပ် ဖြစ်နေလို့ မရောက်ဖြစ်တာ ကျွန်တော်ကိုယ်တိုင်လည်း ရွာကို လာချင်နေတာကြာပြီ"
"အို တော်သေးတာပေါ့ကွယ်
အမဖြင့် ဘာအရေးကိစ္စများရှိလို့လဲ
ဆိုပြီး စိတ်ပူသွားတယ်""ဟုတ် အကိုတို့ အမတို့
နေကောင်းကျန်းမာကြရဲ့လား""ကောင်းပါ့ကွယ် ယာထဲ တစ်ပတ်လှည့်
လိုက်ရင် ဒေါင်ဒေါင်မြည်ပါပဲကွယ်
အမတို့ကတော့""နေကောင်းကျန်းမာကြတယ်ဆိုလို့
၀မ်းသာပါတယ်ဗျာ အော်.. ဒါနဲ့
ကျွန်တော့်ဇနီးပါ ခင်ထားစံတဲ့ ""အော် မောင်မာန်ရှိန်ဇနီးကမြို့ကြီးသူမလို့လား
မသိဘူး ခုထိလှတုန်း လူလေးနှိုင်းတုက မအေတူ
လေး ဖြစ်မယ် ""ဟုတ် အမ ခင်ထားစံပါ
အမတို့အကိုတို့ကို အကိုပြောပြလို့
ရင်းနှီးနေတာကြာပါပြီ""မာမီ...!"
နှိုင်းတို့ ယာခင်းထဲက ပြန်လာသည်နှင့် အိမ်ရှေ့တွင် နှိုင်းကားလေးအပြင် ရှိနေလေသော အခြားကားတစ်စီး။
နှိုင်း ထိုကားကို မြင်ကတည်းက ဒယ်ဒီ့ကားမှန်းသိပါသည်။မာမီတော့ မပါလောက်ဘူးထင်ခဲ့တာ။မာမီပါလျှင် နှိုင်းကို လာခေါ်တာ အသေအချာပင်။နှိုင်းဘေးက ကောင်လေးကိုကြည့်ပြန်တော့လည်း ရိပ်မိနေပုံပင်။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"