30

7.5K 338 7
                                    

ယနေ့ဆို ဖိုးထောင်တစ်ယောက်လည်း ရွာပြန်သွားတာ တစ်ပတ်တောင် လည်တော့မည် ဖြစ်သည်။ဖိုးထောင်က ပြန်ချင်ပါသည်ဆိုတော့ မပြန်ပါနဲ့ဆိုပြီးလည်း တားမနေချင်။ဖိုးထောင်အနား အနီးကပ်မစောင့်ရှောက်နိုင်သည့်အတွက် တာ၀န်မကျေသလိုခံစားနေရသည်မှာလည်း ဖိုးထောင် ရွာပြန်သွားကာမှ တော်ရာကျပေသည်။ဦးမာန်ရှိန်အိမ်မှာပဲ နေရသည့်ဖိုးထောင်အတွက် အန်တီခင်ထားကလည်း ကျွန်တော့်ကို အမြင်မကြည်ဘူးဆိုသော်ငြား ဖိုးထောင်ကိုတော့ ငြိုငြင်ခြင်းအလျဉ်းမရှိခဲ့ပေ။ဦးမာန်ရှိန်ကလည်း ဖိုးထောင်ကိုဆက်ခေါ်ထားချင်သော စိတ်ဆန္ဒရှိသော်လည်း ဖိုးထောင်သဘောကို မတားဆီးပေ။ဖိုးထောင်ကလည်း ကလေးသာသာပင်မို့ ကိုယ်မရှိတော့ ဘယ်လောက်ပျော်အောင်နေတတ်နေတတ် အားငယ်သည့်ပုံ။မပြန်ခင် ကားပေါ်ရောက်သော်လည်း ဖန်တရာတေအောင် မှာသွားသည်က တစ်ခွန်းတည်း ။ 'ရွာကိုပြန်လာခဲ့ပါ ၊ကိုကြီးလက်ရုံးမပါလာလဲ ကိုကြီးနှိုင်းတုကိုတော့ အပါခေါ်ခဲ့ပါ' တဲ့လေ။ဖိုးထောင်တစ်ယောက်ကတော့ ကိုယ့်ထက် ဒီလူ့ကို ပိုချစ်ပြနေသေးတာ ။

ကျွန်တော်တို့နှစ်ယောက်ကတော့ ကိုမိုးဇက်တိုက်ခန်းမှာ ပုံမှန်အတိုင်းပါပဲ ။ကျွန်တော်က ဦးမာန်ရှိန်အလုပ်ကို နေ့တိုင်းအစောပြီးအောင် လုပ်ပြီး အိမ်သူသက်ထားလေးထံ မာရသွန်အပြေးသမားတစ်ယောက်သဖွယ် အပြေးလေး အခစား၀င်ရတာပါပဲ။ 'မင်း ဒီလိုတွေလုပ်နေတာ မမောဘူးလား' လို့များဆိုလာရင် ခေါင်းကိုပြုတ်မတတ် ရမ်းခဲ့ရတာ ။မောနေလို့အမောလာဖြေတာပါ အဘယ်ကြောင့် မောသလားမေးအံ့ ။စလိုက်နောက်လိုက်နဲ့ တကယ့်ဘ၀မှာ ရီသံလွင်လွင်လေးတွေကို ကျွန်တော့်မှာ စက္ကန့်လေးတောင် ခွဲမနေချင် ။အိမ်ရှေ့နားလေးသွားလည်း ဒီရယ်သံလေး ၊အိမ်နောက်လည်း ဒီတခစ်ခစ် ရယ်သံလွင်လွင်လေးပဲ ကြားယောင်နေရတာမို့ ရူးနေပြီလားတောင် အထင်မှားမိသည်။ကျွန်‌တော်က ဒီမျက်နှာလေးအချိန်တိုင်း မြင်နေရမှနဲ့ ထင်ပါတယ် ။

အစောထပြီး အိမ်မှုကိစ္စတွေပြီးစီးကာ အလုပ်သွားတော့မဲ့ အချိန်ထိ တခါတလေ အိပ်ပုတ်လေးက နိုးမနေခဲ့ပါဘူး ။ထိုအခါ ဆံပင်လေးကိုသပ်ပြီး 'ထပါတော့' လို့ တယုတယပြောလည်း စိတ်မထင်ရင်မထင်သလို မြေခွေးလေးဆီက အအော်ခံရပါသည်။ဒါလေးကိုချစ်လို့ပဲ အလုပ်နောက်ကျလဲ မသွားသေးပဲ ထိုင်စခဲ့တဲ့အချိန်တွေကလည်း မနည်းမနော ။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now