"ခင်ဗျား... ဘယ်ကိုသွား နေတာလဲ "
"စိတ်ညစ်စရာတွေနဲ့ ဝေးတဲ့နေရာကိုပေါ့...
ခနလောက်ဖြစ်ဖြစ် သွားချင်နေလို့.."နှိုင်း ဒီကောင်လေးလက်ကိုဆွဲပြီး ထွက်လာခဲ့တာ..။နှိုင်း၀မ်းနည်းနေတာကို သိ၍ထင်သည် ၊ဘာမှမမေးမြန်းပဲ တိတ်တိတ်ဆိတ်ဆိတ် လိုက်လာခဲ့ပြီး ခုမှမေးနေသောကောင်လေး။
နှိုင်းတို့ကို ဘာမှမသိနားမလည်သလို ကြည့်ကျန်နေခဲ့သော ဖိုးထောင်ကိုလဲ ဘာမှမရှင်းပြနိုင်ခဲ့။နှိုင်းတို့ကို ထူးဆန်းနေသလို ကြည့်နေကြသော ပွဲရုံထဲကအလုပ်သမားတွေကိုလဲ နှိုင်းမရှက်နိုင်။
ဒီကောင်လေးသာအဓိကမို့ ၊ဒီကောင်လေးကပဲ အရေးကြီးဆုံးမို့ ...။ဒီကောင်လေးနဲ့ဆို အရာရာလုံခြုံနေခဲ့လို့ ၊ ဒီကောင်လေးသာ ရှိရင် ပြည့်စုံတယ်..။ဒီကောင်လေး ကမ်းပေးခဲ့တဲ့ လက်တစ်စုံနဲ့တင် ရှေ့ဆက်လို့ရနေပြီပဲ...။
"မိုးချုပ်တော့မယ်..."
"အင်း...သိတယ်"
"ကျွန်တော်.."
ကျွီ!
ဘရိတ်အုပ်သံနဲ့ အတူ ကားဆိုက်ရပ်သွားသည်က တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြို့ပြင်တစ်နေရာ..။
အသွားအလာမရှိတော့တဲ့ ဖြောင့်ဖြူးနေတဲ့လမ်းကြီးရယ် ၊ ခြောက်သွေ့စပြုနေတဲ့ မြက်ရိုင်းပင်ရှည်ကြီးတွေရယ် ၊လမ်းမီးရောင်ဖျဖျလေးရယ်...,။"အင်း..ပြောလေ"
"ကျွန်တော့်ကြောင့်မို့ အန်တီခင်ထားနဲ့ ခုလိုဖြစ်သွားရတာ..ကျွန်တော် တောင်းပန်ပါတယ်..။ကျွန်တော်က ပိုင်ဆိုင်ချင်တဲ့သူ ဆိုပေမဲ့ ဘာမှမစွမ်းဆောင်နိုင်လို့ ..တောင်းပန်ပါတယ်"
"ဟင့်အင်း မဟုတ်ဘူး..မင်းအမှားမှ မဟုတ်တာ မင်းကဘာလို့ ထပ်တလဲလဲတောင်းပန်နေရတာလဲ..။မင်းသိလား..ငါ့အတွက်ကြောင့်နဲ့ မင်းအပြောခံရတာ ငါဘယ်လောက် စိတ်မကောင်းဖြစ်ရလဲ မင်းသိရဲ့လား ဟင်..ငါ့ကိုယ်ငါ ဘယ်လောက်အပြစ်တင်နေလဲဆိုတာ မင်းသိလားလို့.."
လက်ရုံး ရင်ဘတ်ကို သူ့လက်သေးသေးလေးတွေနဲ့ ထုထုပြီးပြောနေခဲ့တာ..။ကလေးပေါက်လို ရှိုက်ငိုနေခဲ့တာ...။အန်တီခင်ထားရှေ့မှာ ရှေ့ကနေ သန်မာချင်ယောင်ဆောင်ပြီး ကာကွယ်ပေးခဲ့တာ..။ ဒီလူက တကယ်မျက်ရည်လွယ်တာ၊ငိုရတာ သိပ်ကြိုက်သည်ထင်သည်။ကိုယ့်ရှေ့ဆို တခါတလေ ဆတ်ဆတ်ကြဲလေးဖြစ်သလို ၊တခါတလေ အငိုသန်လေး။ ကျွန်တော့်ရှေ့မှာ ဟန်မဆောင်ပဲ အရှိတိုင်းလေး နေပေးလို့ ကျွန်တော် ဘယ်လောက်ပျော်ရသလဲ။ခင်ဗျားအကြောင်းကို ပိုသိခွင့်ရလို့ ဘယ်လောက်ကျေးဇူးတင်လိုက်ရသလဲ ။ကျေးဇူးတင်ပါတယ် ၊ခင်ဗျားပုံစံအမှန်ကို သိခွင့်ရစေတဲ့ အရာရာတိုင်းကို ကျေးဇူးတင်တယ်။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"