11

9.7K 508 27
                                    

နှိုင်း ဒီနေ့ ဒယ်ဒီ့ ဆန္ဒအရ ဒယ်ဒီ့သူငယ်ချင်း ဦးမင်းမြတ်၏ ကုမ္ပဏီတွင် အလုပ်စဆင်းသော ပထမရက်။တစ်နည်းအားဖြင့် အိမ်က‌ ကောင်လေးလဲ ဒယ်ဒီနှင့် အတူ ပွဲရုံတွင် အလုပ်စလုပ်သောနေ့။

မာမီကတော့ 'ငါ့သားကို အလုပ်သာလုပ်ခိုင်းရတာ စိတ်မချပါဘူးတော်' ဆိုပြီးပြောနေသေးသည်။ 'ငါ့သား အပေါင်းအသင်းဆိုတာ ပေါတယ် မိတ်ဆွေကောင်းကတော့ ရွှေထက်ရှားသည် ' ဆိုပြီး အပေါင်းအသင်းကြည့်ပေါင်းဖို့ အမှာတော်ပါနေသည်မှာလည်း အထပ်ထပ်ပင်။မာမီက နှိုင်းကို ယခုထိ ကလေးလို့ ထင်နေတုန်းပင်။ဒယ်ဒီကတော့ နှိုင်းတို့ သားအမိကိုကြည့်ပြီး 'ပိုရန်ကော 'ဟူသည့် အကြည့်နှင့် ကြည့်တတ်စမြဲ။

နှိုင်း အလုပ်စဆင်းသော ရက်မလို့ ထင်ပါသည်။ဦးမင်းမြတ်က လိုလေသေး မရှိအောင် ဖေးမကူညီ အားပေးပါသည်။အလုပ်ထဲတွင်ပဲ တထစ်ချ စိတ်နှစ်မထားပဲ ပေါ့ပေါ့ပါးပါး သာ လုပ်နိုင်ကြောင်း ၊အခက်အခဲများကိုလည်း ကူညီဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ အလွဲအမှားများ ဖြစ်လျှင်လည်း စိတ်ဓာတ်မကျဖို့ရာ ပြောသည်မှာ နှိုင်းအလွတ်ပင် ရနေလေပြီ။ဒယ်ဒီ့ သား ဖြစ်တာလဲ ပါမည်ထင်သည်။ဘယ်ကုမ္ပဏီ ပိုင်ရှင်ကလက်အောက်ငယ်သားကို ယခုလောက် အရေးပေးတာ ရှိလို့လဲ။နှိုင်းတော့ မတွေ့ဖူးပေ။

ဦးမင်းမြတ်သည်လည်း လုပ်ငန်းကျွမ်းကျင်သော၊တော်သော ၊ထက်သော  အလုပ်ရှင် တစ်ယောက်ပင် ဖြစ်သည်။ဦးမာန်မြတ်က လုပ်ငန်းရှင် ပီပီ လုပ်ငန်းရဲ့ အကျိုးအမြတ်ရနိုင်မည့် အချိုးအဆစ်၊အကွေ့အဝိုက် တိုင်းကို နားလည်သောသူ ၊အဓိက အရာများကို ကိုယ့်ဘက်ပါအောင် မည်သို့မည်ပုံ သယ့်ယူရမည် ဆိုတာကို သဘောက်ပေါက်သောသူ တစ်ယောက်။

ထို့ကြောင့် ဒယ်ဒီက နှိုင်းကို ဦးမင်းမြတ်ထံတွင် ပညာဆည်းပူး ခိုင်းခြင်းမျိုးလည်း ဖြစ်သည်။ဒယ်ဒီကိုယ်တိုင် က သူ့ပွဲရုံ လုပ်ငန်းကို မစွန့်လွှတ်နိုင်၍ နှိုင်း လုပ်သက် ရလာလျှင် ကိုယ်ပိုင်ကုမ္ပဏီ ထူထောင်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။နှိုင်း ဒယ်ဒီ့ ဆန္ဒကို အလေးထားပါသည်။နှိုင်းကိုယ်တိုင်ကလည်း အလုပ်ကို အလိုမရှိသောသူမျိုး မဟုတ်၊နှိုင်း ဝါသနာ မပါသည်များကို မလုပ်ချင်ရုံ။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now