"သမီးငယ်ရောပြန်ရောက်လာပြီလား ထည်ဝါ"
သူသည် နေခြည့်အသံကြားမှ ဒယ်ဒီနဲ့ဖုန်းပြောနေသည်ကို ပြန်လည်လို့သတိရသွားပြီး...
"နေခြည် နင်ဒီနေ့ဘယ်မှမသွားဘူးလား...." ဟု မေးလိုက်သည်။"အင်း.. နင်မရှိတော့ သွားရတာမကောင်းဘူးဟ။ ဒါနဲ့ သမီးငယ်ရော အဆင်ပြေတယ်မဟုတ်လား။ တို့တွေလည်း ပြန်လာတော့မှာလေ။ ငယ်လိုအပ်တာ တစ်ခုတစ်ခုရှိရင် မှာလိုက်လေ။ တို့ ဝယ်ခဲ့ပေးမယ်။"
"ရတယ် မမနေခြည်.... အကိုလေးရောင်ဝါ ရောအဆင်ပြေရဲ့လား။ ။
နေခြည့်မေးသံကြောင့် သောက်လက်စဖြစ်သောအအေးခွက်ကို ချထားရင်း ဖုန်းကိုင်ထားသည့် သူ့အနားသို့ သမီးငယ်ကတိုးကပ်လာလေသည်။ သူတို့ကြား အရပ်ကွာခြားချက်ကြောင့် သမီးငယ်သည် ခြေဖျားကိုထောက်၍ သူ့ပခုံးတွေဆီကို လက်သေးသေးလေးတွေ လှမ်းတင်ပြီးအော်ပြောနေရသည်။ ထိုသို့ အားစိုက်ထုတ်ကာ ဖုန်းလှမ်းပြောနေရသည့် သမီးငယ်ကို သူ့ဘက်ကအလိုကတသိနဲ့ပင် ဆွဲခေါ်ကာ သူ့ညာဘက်ခါးစောင်းမှာ ခြေချိတ်လို့ နေရာယူစေလိုက်သည်။
"အင်း...အဆင်ပြေပါတယ်။ အခုဆို ပုံမှန်ပြန်ဖြစ်နေပြီ။ ဒါနဲ့ ငယ်.....၊ မဟုတ်သေးဘူး ထည်ဝါ..."
သမီးငယ်ကိုခေါ်ပြီးကာမှ မြူးထူးသောအသံလှိုင်းနှင့်သူ့နာမည်အား ခေါ်ဆိုလာသူအမဖြစ်သူကို သူ့အနေနဲ့သိပ်ပြီးမသင်္ကာတာကြောင့် ပြန်မထူးပဲ သမီးငယ်ကိုလက်တစ်ဖက်ဖြင့်ထိန်းကာချီပွေ့ထားလျက်ကပင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"နင်သိလား...."
သူ့ဘက်က ဘာမှပြန်မဖြေပဲနေသည်ကြောင့် နေခြည်သည် နင်သိလားဆိုသည်ကိုအစပြုကာ...
"ရောင်ဝါနင့်ကိုပေးတဲ့ ကဒ်ကိုလေ၊ စစ်ကြည့်လိုက်ဦး...ဟီးဟီးးး...."သဘောတကျနဲ့ တဟီးဟီးဖြစ်နေသည့် နေခြည့်ကို သူ့အနေနဲ့သိပ်ပြီး မသင်္ကာတာကြောင့် နောက်တစ်ရက်မှာ သူသည်ငွေထုတ်သည့်နေရာသို့ သွားခဲ့သည်။
"ဟုတ်ကဲ့ရှင့်...ကိုရွှေပင်လယ်မောင်"
ဘဏ်ဝန်ထမ်း၏ ခေါ်သံမှာသူသည် လိပ်ပြာလွင့်စင်တော့မတတ်ကိုဖြစ်ခဲ့ရပြီး လက်ထဲရှိblack cardကို လွှင့်ပစ်ရကောင်းနိုးနိုးနဲ့ ဖြစ်နေရသည်။
YOU ARE READING
အချစ်ဦး (Completed)