"ဘယ်လိုလဲ သည်းသည်းလေးရယ်...ပြောတော့ဖြင့် အသက်၂၀ပြည့်ရင်လက်ထပ်မှာပါဆို။ ပြောပါဦး မမကဖြင့် နောက်အပတ်ဆို၂၀ပြည့်ပြီလေ။ အခုထိမင်းတို့အကိုကြီးက စာလည်းမလာ၊အကြောင်းလည်းမကြား...အဆက်အသွယ်လည်းမလုပ်နဲ့ ပျောက်ချက်သားကောင်းနေတုန်း "
ရုံးသွားဖို့ရန်အတွက် မှန်တင်ခုံရှေ့မှာပြင်ဆင်နေရင်းက ငယ့်မှန်တင်ခုံပေါ်ကိုလာနားသည့် ခိုဖြူလေးက ဘုရားသွားရင်း ငယ်နဲ့အတူပါလာခဲ့ရတဲ့ သည်းသည်းလေးထည်ဝါဖြစ်သည်။
သူအသက်၂၀ပြည့်လျှင် လက်ထပ်မယ်လို့ပြောခဲ့သူသည် အခုချိန်ထိတိုင် ငယ့်ကိုအဆက်အသွယ်မလုပ်ပဲရှိနေဆဲဖြစ်သည်။ ငယ်ဆိုတာကလည်း သူ့ကိုလွမ်းတိုင်း သူ့နာမည်ကိုတမ်းတရင်း ချစ်ပြရတဲ့ သေးသေးလေးတွေ၊ပိစိလေးတွေ ပြီးတော့ သည်းသည်းလေးတွေ မနည်းမနောနဲ့ဖြစ်နေသည်။
အခုလည်း မှန်ရှေ့က ခိုဖြူလေးကို တိုင်တည်ပြီး သူ့ကိုလွမ်းကြောင်း စကားတွေပြောနေမိပြန်သည်။
"ငယ်....."
"အသက် ဝင်လာလေ..."
ခေါ်သံကြောင့် နောက်သို့လှည့်ကြည့်မိတော့ တံခါးဖွင့်ထားသည့် အပေါက်ဝတွင် အသက်ကိုတွေ့လိုက်ရသည်ကြောင့် အထဲဝင်ဖို့ရန်ပြောဖြစ်သည်။
"အသက် ပြောချင်တာရှိလို့ပါ ငယ်ရယ်၊ တစ်မျိုးတော့မထင်နဲ့နော်..."
"ဘာများလဲ အသက်ရဲ့"
ငယ့်ကုတင်အထက်မှာ ဝင်ထိုင်လိုက်ရင်း အသက်သည် ငယ့်အား အားတုန့်အားနာပုံစံမျိုးနဲ့ကြည့်နေသည်ကြောင့် အသက်တစ်ယောက်ဘာတွေဖြစ်နေလဲဆိုတာကို ငယ်တကယ်ပဲစဥ်းစားလို့မရပဲဖြစ်ရလေသည်။
ပုံမှန်ဆို အသက်က အမြဲကြည်လင်ပြီးပျော်ရွှင်အေးချမ်းနေတတ်တဲ့ ပုံစံမျိုးလေ။ ဒီနေ့မှ အသက်ကတော်တော်လေးကို ထူးဆန်းနေတာဖြစ်သည်။
"အသက် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော်..."
"အော် အသက်ရယ်၊ ပြောပါလို့ ဆိုနေမှပဲ။
ပြောပါ..ငယ့်ကို အားနာစရာမလိုဘူးလေ။ ငယ်တို့က မိသားစုဝင်တွေလိုပဲဟာ။"
YOU ARE READING
အချစ်ဦး (Completed)