Intro

18.1K 740 94
                                    

Unicode~

"Auschwitzက ​ကောင်​လေးလား..မဆိုးပါဘူး။ မင်းနာမည်ဘယ်လို​ခေါ်လဲ​ကောင်​လေး"

ထို​ကောင်​လေးက စူးစူးရဲရဲစိုက်ကြည့်လာသည်။ သူ့မျက်လုံးပြာပြာ​တွေက အ​ရောင်​တောက်သ​လောက် မှိုင်းညှို့​ညှို့အ​ငွေ့အသက်​တွေ ပြည့်လျှံလျက်။
နာကျည်းခြင်း၊ ခါးသီးခြင်း၊ နာကျင်ခြင်း၊ အဖိနှိပ်ခံရခြင်း၊ အခွင့်အ​ရေးချိုး​ဖောက်ခံရခြင်း စသည့် အခိုးအ​ငွေ့များက အရွယ်နှင့်မလိုက်​အောင်ပင် တနင့်တပိုး။

နှုတ်ခမ်း​မွေးကားကားနှင့် စစ်၀တ်စုံ၀တ်ထား​သော လူကြီး၏အ​မေးစကားကို သူလုံးဝပြန်မ​ဖြေ။
နှုတ်ခမ်းလွှာနှစ်ခုကို ​ကော်ဖြင့်ကပ်ထားသကဲ့သို့ သူတင်းခံလို့​နေသည်။

"ဂျူးစစ်စစ်မဟုတ်တာ ​သေချာရဲ့လား.."

"​​သေချာပါတယ် ဆရာ။ သူက ကပြားတစ်​ယောက်ပါပဲ"

"​ဟေ့​ကောင်! ငါ​မေး​နေတာ​ဖြေ​လေ.. မင်းနာမည်ဘာလဲလို့"

'ထွီ!'

ထို​ကောင်​လေးက စစ်ဝတ်စုံနဲ့လူကြီးကို တံ​ထွေးဖြင့်​ထွေးပစ်​တော့ လူကြီးမျက်နှာက မဲခနဲ။
ဘယ်အ​ပေအ​တေက သူ့ကို ရာရာစစ အခုလိုလုပ်ရဲလို့လဲ။

"သွား.. ဒီ​ကောင့်ကို ​မြေ​အောက်ခန်းထဲ သုံးရက်ပိတ်ထားလိုက်။ ဘာအစာမှ ​မ​ကျွေးနဲ့ အငတ်ထား"

စစ်သား၀တ်စုံနှင့်လူငယ်နှစ်​ယောက်က သူ့ကို အတင်းဆွဲ​ခေါ်သွားသည်။ သူတရွတ်တိုက်ပါသွားပြီး ဧည့်ခန်းက​နေ ​နောက်​ဖေးတံခါး​ပေါက်ထဲမဝင်ခင် အသံတစ်ခုကို ကြားလိုက်သည်။

"ဘာ​တွေဖြစ်​နေတာလဲ Daddy"

"အ​ပေအ​တေ​အောက်တန်းစားတစ်​ကောင်ပါကွာ။ Auschwitzက​နေ​ခေါ်ထုတ်လာ​ပေးတာ​တောင် ​ကျေးဇူးတင်ရ​​ကောင်းမှန်း မသိတဲ့​​ကောင်"

"သူကဂျူးလား။ ဘာလို့ရှုပ်ရှုပ်ယှက်ယှက်​တွေ ​ခေါ်လာတာလဲ။ ကျွန်​တော် ရွံတတ်တာကို သိရဲ့သားနဲ့"

ထိုအသံ​ကြောင့် သူ​ဒေါသ​တွေ​ထောင်းခနဲဖြစ်သွားပြီး လှည့်ကြည့်​တော့ ​ညို​ရင့်ရင့်ဆံပင်​တွေဖုံလွှမ်း​နေ​သော ဦး​ခေါင်းနှင့် ​နောက်​ကျောပြင်ကိုသာ ​တွေ့ရသည်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now