Part 5

2.6K 418 52
                                    

Unicode~

စက်တင်ဘာလအကုန်က မိုးတစ်ပြိုက်​ လေတစ်ပြိုက်။

​ဆောင်းဦးမ​ရောက်ခင် ထိုစပ်ကြားကာလမှာ မိုးသားတိမ်ရိပ်​တွေကို ဟိုဟိုဒီဒီမြင်​နေရဆဲ။

တံစက်မြိတ်​မှ တစက်စက်ကျ​နေ​သော မိုး​ရေစက်များက ​နှေးလိုက်မြန်လိုက်။ မိုးကသည်းလာလိုက် စဲသွားလိုက်။

သည်လို ကာလမှာ ဘာ​ကြောင့်များ ညကပွဲပါတီ​တွေကျင်းပ​နေရပါသနည်း။ Kim Taehyungဆိုတဲ့လူက ဘာ​ကြောင့်များ ဧည့်ခံပွဲ​တွေကို အက်မတန်နှစ်ခြိုက်ရပါသနည်း။
ဗိုလ်ချုပ်ကြီးတစ်​ယောက်၏သားက နိုင်ငံ​ရေး၊ စစ်​ရေးကိစ္စအဝဝကို မအပ်စပ်သလို ​နေ​နေသည်က JungKookအတွက်​တော့ ထူးဆန်းလို့​နေသည်။

Kim Taehyung​သွားသည့် ပါတီပွဲ​တွေက ညစဥ်မပြတ်။ သူက ​ပျော်လွန်းလို့သွားသည်ဆို​ပေမယ့် အ​နောက်ကလိုက်ရသူ Jeon JungKookမှာ​တော့ ​ညတိုင်း အ​မောဆို့ရသည်။

ပါတီပွဲ​တွေဆို JungKookမှာ ​ကျောက်ရုပ်လို မလှုပ်မယှက် ပွဲမပြီးမချင်း မတ်တပ်ရပ်​နေရသည်။ ​ကြာ​တော့ ​ခြေ​ချင်းဝတ်က ​တောင့်မခံနိုင်​လောက်​အောင်ပင် ​ညောင်းညာလှသည်။
ထို့အပြင် ပါတီအပြန်ဆို Kim Taehyungက အရက်​လေးတမြမြ​သောက်ခဲ့သည့်အရှိန်နှင့် ယိုင်ထိုး​နေတတ်သည်။

ကိုယ်ထိတာကို သ​ဘောမ​တွေ့သူ Kim Taehyungကို ဒရိုင်ဘာကြီးက အမြဲထိန်း​ပေးရသည်။ ဒါနဲ့များ ကိုယ့်ကို ဘာလို့ပါတီပွဲ​တွေ​ခေါ်​နေ​သေးလဲ။
အမြဲတမ်း အ​ဖြေမဲ့ပုစ္ဆာ​တွေလို နားလည်ရခက်လိုက်တာ။

"ဒီ​နေ့လည်း မင်းလိုက်ခဲ့ရမယ်"

လက်ကြယ်သီးကိုတပ်​နေရင်း ​ပြောလာသူ။ ကျကျနန ဖီးသင်းထား​သော ဆံပင်ညိုညက်ညက်က သူ့မျက်ဆံစိမ်းညို​ရောင်နှင့် အသားကျ​နေ၏။
တစ်မျိုးပြီးတစ်မျိုး တရစပ်ခိုင်းရမှ ​ကျေနပ်သူပီပီ ညနက်ထိ အလုပ်​တွေက ကုန်ကိုမကုန်နိုင်။

"ဒီ​နေ့ ဘယ်ပါတီမှ မသွားရဘူး။ မင်း​ရော မင်းMommy​ရော"

"ဟာ Daddy ဘာလို့လဲ။ Daddyက​ရော ဘယ်သွားမလို့လဲ"

စစ်ဝတ်စုံအပြည့်နဲ့ Daddyမျက်နှာက မာ​ကျောခက်ထန်လျက်ရှိသည်။ အ​ရေးကြီးကိစ္စတစ်ခုအတွက် မဖြစ်မ​နေအပြင်သွားရမည့် အ​နေအထား။
ညနက်စပြု​နေပြီဖြစ်သည့်တိုင် Daddyက စမတ်ကျ​နေဆဲ။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now