Part 8

2.8K 403 76
                                    

Unicode~

"Kim Taehyung! ဘာဖြစ်​နေတာလဲ"

နှုတ်ဖျားက​နေ အသံပင် ထွက်သွားမိသည်။ Kim Taehyung ပုံစံက သိပ်ပြီး မူမှန်မ​နေ။ စားပွဲခုံစွန်းကို အတင်းဖိကိုင်ထားပြီး မျက်ဆံများက ဂနာမငြိမ်။

Kim Taehyungတစ်ခုခုဆို သူ့မှာ တာဝန်ရှိပါသည်။
​တွေး​နေသမျှ ​မေ့​မေ့​ပျောက်​ပျောက်ဖြစ်သွားသည်အထိ ပူပန်ရခြင်း​တွေက​တော့ တာဝန်အရမဟုတ်ခဲ့။

Kim Taehyungက သူ့ကို ပါတီထဲမဝင်လာ​စေချင်မှန်း သိပါရဲ့။ ထိုကိစ္စကို​တော့ ​နောက်မှ​ဖြေရှင်းမည်။ ​လော​လောဆယ် သူထိုင်​နေရာက ထခဲ့ပြီး Kim Taehyungရှိရာဆီ လာခဲ့​တော့သည်။

"ခင်ဗျား.. ဘာဖြစ်​နေတာလဲ"

Taehyungရဲ့ လက်​မောင်းကို သူ့အလိုလိုဆုပ်ကိုင်မိသွားသည်။ Taehyungဆီက ဆိုးဆိုးဝါးဝါးတုံ့ပြန်မှုတစ်ခုကို ​မျှော်လင့်​နေခဲ့​​​ပေမယ့် Taehyungက စကားပင်ပြန်မ​ပြော။
​သွေး​ကြောစိမ်း​တွေထင်ဟပ်နေ​သော နားထင်မှာ ​ချွေးသီးတ​ဖြောက်​ဖြောက်ကျ​နေပြီး သူ့ကို ကြည့်ရတာ မသက်မသာရှိလှသည်။

"Kim Taehyung.. ကျုပ်​ခေါ်​နေတာ ကြားလား"

"ဟင်.. အင်း.."

"ခင်ဗျား ဘာဖြစ်​နေတာလဲ။ မူး​နေပြီလား။ မူး​နေရင် အိမ်ပြန်မယ်"

"မဟုတ်ဘူး.. ငါတစ်ခုခုထူးဆန်း​နေတယ်"

သည်​လောက်ဆို Taehyung အ​ခြေအ​နေကို JungKookရိပ်စားမိလိုက်ပြီဖြစ်သည်။
ကျစ်! ဂုဏ်သ​ရေရှိ ဧည့်ခံပွဲဆိုပြီး မဟုတ်ကဟုတ်က​ဆေး​တွေက ဘာလို့ရှိ​နေရတာလဲ။ Kim Taehyungကလည်း ဘာလို့ သွား​သောက်ရတာလဲ။

"ခင်ဗျား.. ​ဆေးမိထားတာလား။ ကျုပ် မိန်းမတစ်​ယောက်ရှာ​ပေးရမလား"

"ဟင့်အင်း.. အ​ပေါ်ထပ်မှာ အခန်းပြင်ထားတာရှိတယ်​ပြောတယ်။ လိုက်ပို့​ပေး"

ထိုအိမ်ကြီးထဲဝင်သွား​တော့ အိမ်အကူမ​လေးက အလိုက်သတိပင် အခန်းတစ်ခန်းဆီကို ပို့​ပေးသည်။ ဘာမှမထူးဆန်းသည့်နှယ်.. ဖြစ်မြဲဖြစ်​နေကျလိုပင်။

ဧည့်သည်အတွက် စီစဥ်ထားဟန်တူ​သော အခန်းက မကျဥ်းမကျယ်။ ဧည့်သည်အတွက်ဆို​သော်လည်း JungKookတစ်သက် ​တွေ့ဖူးသမျှအိပ်ရာထဲ Kim Taehyung၏ အိပ်ရာပြီးရင် အ​ကောင်းဆုံးဖြစ်လိမ့်မည်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now