Part 10

2.9K 411 82
                                    

Unicode~

"​မေ့လိုက်​တော့.. အဲ့ညက ကိစ္စ။ ငါ​ဆေးမိ​နေလို့ ဖြစ်သွားတာ"

"ခင်ဗျား ဒီစကားကို ​သွေး​အေး​အေးနဲ့ ​ပြောရဲတာ အံ့ဩမဆုံးဘူး"

Kim Taehyungကို ကြည့်မရပါဘူးဆိုတဲ့ကိုယ်က Kim Taehyungငြင်းတာ ခံလိုက်ရ​တော့.. သည်ခံစားချက်က မ​ဖော်ပြတတ်​လောက်​အောင်ပါပဲ။

အစတည်းက သူ့ကိုပိုင်ဆိုင်လိုစိတ် ရှိ​နေတာလား။ မုန်းတယ် မုန်းတယ် ​​အော်ဟစ်​နေရင်းက စွဲလမ်းစိတ်ရှိ​နေတာလား။ ​ဝေခွဲရခက်ပါသည်.. သူနဲ့ပတ်သက်သမျှ အရာရာက ကိုယ့်ကို ဒွိဟ ဖြစ်​စေသည်။

"အခု ငါ့အ​ကြောင်းသိပြီမလား.. ဖယ်​​တော့"

လူကိုတင်မက သူ့အ​ပေါ်ထားရှိ​သော ​ကိုယ့်မျှော်လင့်ချက်အစုံကိုပါ သူက ပုတ်ထုတ်သွားသည်။ သူ့အနားမလာနိုင်​အောင် နည်းလမ်းရှိသမျှနှင့် ငြင်းဆန်သွား​​တော့သည်ပင်။

သူ့ကို နားလည်ရခက်သည့်အပြင် ကိုယ့်ကိုယ်ကိုယ်လည်း နားလည်ဖို့လွယ်မ​နေပါ။

ကိုယ့်မှာ ချစ်ရသူရှိတယ်ဆို... ဘာလို့များ Kim Taehyungကို ကိုယ်လိုအပ်​နေတာလဲ။
ကိုယ်မသိလိုက်ချိန်မှာပဲ Laraအ​ပေါ်ထားခဲ့ဖူးတဲ့ ကိုယ့်အချစ်​တွေက အ​ငွေ့ပျံ​ပျောက်ကွယ်ကုန်တာလား။

​သေချာတာ​တော့ Kim Taehyungကို တာဝန်ယူချင်စိတ်တစ်ခုတည်း မဟုတ်ဘူးထင်ပါရဲ့။

"Jeon JungKookက အဲ့မှာ ဘာရပ်လုပ်​နေတာလဲ"

"ဪ... Mrs. Kim"

Kim Taehyung အိမ်​ပေါ်တက်သွားပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်Kimက​တော်က အိမ်ပြန်​​ရောက်လာသည်။ သူက​တော့ အမြဲလိုလို ​ကျော့​ကျော့​​မော့​မော့နဲ့ နှုတ်ခမ်းနီနီရဲရဲဆိုးထားတတ်​သော မိန်းမတစ်​ယောက်။

"အိမ်ထဲမှာ အလုပ်ရှိလို့လား"

"မရှိပါဘူး.. ကျုပ်ကို ခွင့်ပြုပါဦး"

"​နေဦး.. Taehyungနဲ့ တစ်ခုခုအဆင်မ​ပြေဖြစ်ထားကြတာလား"

အိမ်ထဲက​နေ ထွက်သွားဖို့လုပ်ကာမှ Mrs. Kim က သူသိချင်တာကို လှမ်း​​မေးလို့လာသည်။ ထိုအ​မေးစကားအတွက် JungKookမှာ သင့်​တော်​​သော အ​ဖြေစကားလုံးကို ရှာမ​တွေ့​ချေ.. အ​ဖြေမရှိတာဆို ပိုမှန်လိမ့်မည်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now