Part 12

2.8K 409 72
                                    

Unicode~

"ပျိုးဥယျာဥ်ပဲ.. ဘာလဲ Millieက အပင်​တွေဘာ​တွေ စိုက်​တော့မလို့လား"

ကား​နောက်ခန်းက စကားသံ​တွေကို အတိုင်းသားကြား​နေရသည်။

Millieက သည်​လောက်ထိသာယာတဲ့ ပျိုးဥယျာဥ်ကို Kim Taehyungနဲ့ နှစ်​ယောက်တည်းလာချင်​နေမှာ ဧကန်။
မတတ်နိုင်... သူ့ကွယ်ရာမှာ နှစ်​ယောက်တည်းရှိ​နေကြသည်ထက် သူ့​ရှေ့မှာ ကြည်နူး​နေကြသည်က ​တော်ပါ​သေးသည်။

"ဟုတ်တယ်.. Kimတို့အိမ်မှာလည်း ပန်းပင်​တွေအများကြီးဆို​တော့ Millieလည်း ခုတည်းက အကျင့်လုပ်ထားမလို့​လေ"

"အင်း...​ကောင်းပါတယ်။ Millieက မိန်းက​လေးဆို​တော့.."

ပျိုးဥယျာဥ်ထဲအထိ ဂျစ်ကား​လေးက ဝင်လာသည်။ အဝင်ဝမှာတင် အလှပန်းမျိုးက စုံစုံလင်လင်။ သူထိုင်​နေတဲ့ ဂျစ်ကား​ရှေ့ခန်းထဲအထိ အနံ့က စိမ့်ဝင်လာသည်။

ဥယျာဥ်ထဲက အုတ်ကြွပ်မိုးအိမ်​လေး​ရှေ့ ကားက ရပ်သွားသည်။ အ​ဆောက်အဦးပုံစံက ကျစ်ကျစ်လျစ်လျစ်၊ ​ဆေးမသုတ်ထားတဲ့ တစ်ထပ်တိုက်အိမ်ပုပု​လေး။ ဥယျာဥ်​မှူး​နေတာ ဖြစ်လိမ့်မည်။

သူတို့ ကား​ပေါ်က ဆင်းလိုက်​တော့ ခုနကထက် ပန်းရနံ့က ထုံးသင်းလာ​လေသည်။ ဘယ်ရနံ့က ဘာပန်းလဲ ခွဲခြားမရ​အောင်ပင်။
နှင်းဆီ၊ ဇီဇဝါ၊ စံပယ် စသဖြင့် ရနံ့စုံလှပါသည်။

"ပန်းလာ၀ယ်ကြတာလား"

အိမ်ထဲက အ​ဒေါ်ကြီးတစ်​ယောက် ထွက်လာပြီး ​မေးသည်။ အနားသတ်ရှည်ရှည်ကြီးကြီးနှင့် ဦးထုပ်ကို ​ဆောင်းထားပြီး မျက်နှာက မှဲ့​ခြောက်အပြည့်နှင့်။
​ဖော်​ဖော်​ရွေ​ရွေ​တော့ ရှိဟန်တူပါရဲ့။

"ဟင့်အင်း.. အိမ်မှာ အဆင်သင့်စိုက်ချင်လို့ ပျိုးပင်​တွေ လာကြည့်တာ။ ပျိုးပင်​တွေကို အိမ်ပို့​ပေးတယ်မလားဟင်"

Millieက ဝင်​ဖြေသည်။

"အရင်က​တော့ ပို့​ပေးပါတယ် က​လေးမရယ်။ အခု​တော့ အ​ဒေါ့်အမျိုးသားက ခါးနာ​နေ​တော့ တွန်းလှည်းကို အ​ဝေးကြီး မတွန်းနိုင်ဘူး​လေ"

အ​ဒေါ်ကြီးက လိမ်​နေဟန်မတူပါ။ သည်ဥယျာဥ်ကလည်း သူတို့လင်မယားအပိုင်ဖြစ်ဟန်မတူ.. အလုပ်သမား​သာဖြစ်ကြပုံ။
​မြေကြီးအိတ်နှင့်တကွပို့​ပေးရ​သော ပျိုးပင်​တွေကလည်း ဝန်​ပေါ့သည်မဟုတ်။ အသက်အရွယ်ရပြီဖြစ်​သောလူတစ်​ယောက်အတွက် ပျိုးပင်များကို တွန်းလှည်းနှင့် လိုက်ပို့​ပေး​နေရသည်မှာ လွယ်ကူ​သော ကိစ္စမဟုတ်​ချေ။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Hikayelerin yaşadığı yer. Şimdi keşfedin