Part 26

2.1K 341 41
                                    

Unicode~

နာမကျန်းဖြစ်​နေသူတစ်​ယောက်၏ ဘဝဟာ ရှင်လျက် ​သေဆုံး​​နေရသလိုပါလား။

ဒါကို သူကိုယ်တိုင်နာမကျန်းဖြစ်ကာမှ သ​ဘော​ပေါက်​တော့သည်။ အိပ်ခန်းပြတင်း​တံခါး​ဘောင်​ပေါ်မှာ ငှက်က​လေးများ နားခို​သောအခါ၊ ကျည်ကျည်ကျာကျာ တွန်ကျူး​သောအခါ.. သူ့စိတ်ထဲ ကြည်နူးလန်းဆန်းခြင်းတို့ မဖြစ်လာ။
အရာရာဟာ သူ့အတွက် စိတ်​​အ​နှောင့်အယှက်ဖြစ်စရာအတိ။

တစ်​လောကလုံးကို အဆိုးမြင်ဝါဒီနှင့် ကြည့်​နေမိသည့်အတွက် သူ​နေတဲ့ ​လောကကြီးဟာလည်း ​ဘောင်ကျဥ်းလို့လာသည်။

"ခင်ဗျား ည​နေစာ ဘာစားချင်လဲ။ ကျုပ်၀ယ်ခဲ့မလို့"

"​တော်ပြီ စားချင်စိတ်မရှိဘူး"

"မစားလို့မရဘူး​လေ။ ခင်ဗျား ဘယ်​လောက်​တောင် ပိန်သွားလိုက်သလဲ"

"မစားချင်ဘူးလို့ ​ပြော​နေတာကို မကြားဘူးလား"

​မောင့်ကို ​လေသံမာမာနှင့် ​အော်​ပြောလိုက်ပြီးကာမှ သူ့ကိုယ်သူသတိထားမိသည်။
​မောင့်ကို ကြည့်​တော့ မျက်နှာမ​ကောင်းလှ။ အားလည်းအားနာမိသလို ဘယ်ကစပြီး ​တောင်းပန်ရမလဲ ကိုယ်မသိ။
တစ်​ယောက်​နှင့်တစ်​ယောက် ​ငေး​ကြောင်စွာ စိုက်ကြည့်​နေရင်း ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိသွားသည်။

​မောင်လည်း သူ့အတွက် ပင်ပန်း​နေခဲ့မှာပဲ။ သူ သည်ဝေဒနာခံစား​နေရတာ ဘယ်နှလရှိပြီလဲ။ သူပင်ပန်းသလို ​မောင်က​ရော.. ​မောင်လည်း စိတ်​ရောကိုယ်ပါ နွမ်းနယ်​နေမှာ။
သူဘာလို့များ တစ်ကိုယ်​ကောင်းဆန်စွာ ​မောင့်ဆီတွယ်ကပ်ရင်း ​မောင့်ကို ဖိအား​တွေ​ပေးမိ​နေတာပါလိမ့်။

"​ငါ..ငါ​တောင်းပန်ပါတယ် ​မောင်"

"ရပါတယ်။ ခင်ဗျား ခံတွင်းပျက်​နေတာ ကျုပ်​​မေ့သွားတယ်။ ကျုပ်အဆင်​ပြေ​အောင်စီစဥ်​ပေးပါမယ်​..​နော်"

အခန်းအပြင်ဘက်ထွက်သွား​သော ​မောင့်​ကျောပြင်ကို ကိုယိ​ငေးစိုက်ကြည့်​နေရင်း နှုတ်ခမ်းဖျားများ တဆတ်ဆတ်တုန်ခါလို့​နေခဲ့သည်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now