Part 2

3.2K 461 133
                                    

Unicode~

"ဟင့်အင်း.. မလိုက်နိုင်ဘူး"

"လွှတ်! ဘယ်သူလဲ..မမကို ဘယ်​ခေါ်သွားမလို့လဲ!"

"​သောက်​ရေးမပါလိုက်တဲ့​ ဂျူး​တွေ! အဲ့​ကောင်ကို ချုပ်ထားလိုက်ကြစမ်း"

သူ့ကို လက်နှစ်ဖက်ကိုင်ချုပ်ထားပြီး အဲ့သည်လူ​တွေက မမLara၏ အင်္ကျီကြယ်သီး​တွေကို အတင်းအဓမ္မဖြုတ်​နေကြသည်။
သူ့​သွေး​တွေ တပွက်ပွက်ဆူလာသလိုပဲ.. သို့​တိုင်​အောင် သူကြည့်​နေရုံကလွဲရင် မတတ်နိုင်ခဲ့။

မျက်စိစုံမှိတ်ထားလျှင်​တောင် အသံ​တွေကတစ်ဆင့် ဘာ​တွေဖြစ်​နေသလဲဆိုတာ ​တွေးကြည့်လို့ရသည်။ ရင်ကွဲမတတ်နာကျင်​နေ​သော်လည်း သူမတုံ့ပြန်နိုင်။

"​ဟေ့​ကောင်.. မျက်စိဖွင့်ထားစမ်း! ကြည့်​လေ.. မင်း​ကောင်မ​လေးဘယ်လိုပျက်စီးသွားမလဲဆိုတာကို"

"ထွီ! လူယုတ်မာ​တွေ!"

'ဖြန်း!'

"​နောက်ထပ်​ပြောရဲရင်ပြောကြည့်စမ်း"

သူ့​ရှေ့မှာတင် Laraက အသက်မဲ့သွားခဲ့တာ။ အစိပ်စိပ်အမွှာမွှာပျက်စီးပြီး ​သေသွားရတာ သည်​မိစ္ဆာ​တွေ​ကြောင့်။
အ​သွေးအသားထဲကို လိုက်လိုက်လှဲလှဲ မုန်းတီးလိုက်တာ..။

သူ့ပါး​ပေါ်သို့ ပူ​​နွေး​နွေးမျက်ရည်​တွေ စီးဆင်းလာရပြီး ရုတ်တရက်ပွင့်လာတဲ့ မျက်လုံး​တွေ။
သူထပ်အိပ်မ​ပျော်နိုင်​တော့။ Laraအ​ကြောင်း အိပ်မက်မက်ပြီးတိုင်း ရင်တလှပ်လှပ်နဲ့နိုးလာရပြီး မျက်လုံးများ​ကြောင်​နေတတ်သည်။

"Jeon JungKook ရှိလား"

သူ့ကိုနာမည်တပ်​ခေါ်လာသည်က အထူးတဆန်း။ Auschwitzမှာ သူ့ကိုနာမည်တပ်​ခေါ်မည့်လူ ရှိ​သေးတာလား။

​ဘေးနားက လူ​တွေ၊က​လေး​တွေကလည်း အိပ်​နေဆဲ။ သည်အချိန်ကြီး ဘာလို့လာ​ခေါ်တာလဲ။

"ကျွန်​တော်ပါ"

"တပ်မှူး​ခေါ်​နေတယ်။ အခုလိုက်ခဲ့"

ထိုအခန်းကျယ်ကြီးထဲက​နေ ထွက်လာပြီး လာ​​ခေါ်သူအ​နောက်သို့ လိုက်ရသည်။
​ခြောက်အိပ်မက်ကနိုးထလာသည့်အရှိန်က သူ့ကို ရီ​ဝေ​ဝေဖြစ်​စေသည်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now