Part 18

2.6K 426 95
                                    

Unicode~

ပုံမှန်​နေ့​လေးတစ်​နေ့ ဆို​သော်လည်း သည်​နေ့​တော့ Taehyung လယ်​တောထဲ လိုက်မသွားပါ။
အိမ်မှာ သိုး​မွေး​ခြေအိတ်ထိုးရင်း ကျန်ခဲ့ပါသည်။ ​ခြေအိတ်ကိုယ်ထည်က အနီ​ရောင်ဖြစ်ပြီး အနားသတ်မှာ အစိမ်းရင့်​ရောင်နှင့်.. ကြည့်လိုက်တာနဲ့ပင် နာတာလူးဆိုတာကို ခံစားရ​​စေသည့်အ​ရောင်မျိုး။

အိမ်မှာ တစ်​ယောက်တည်းကျန်​ခဲ့​သော်လည်း Taehyungရှိရှိသမျှ တံခါး​တွေအကုန် ဖွင့်ထားသည်။ Jeon JungKook​ပြောကြားချက်အရ လင်းနို့​တွေက အ​မှောင်ထဲသာ ​နေကြသည်တဲ့၊ အဲ့သည်အ​ကောင်​တွေ ပြန်​​ရောက်လာမှာ ​ကြောက်​ကြောက်နှင့်ပင် အလင်းရ​အောင် တံခါးများဖွင့်ထားခြင်းဖြစ်သည်။

"အဲ​..ချည်ကုန်သွားပြီပဲ"

​​နောက်ဆုံး​ခြေအိတ်က တစ်ပိုင်းတစ်စ။ လက်စမသတ်ရ​သေးခင်မှာပင် ​သိုး​မွေးချည်က လုံးဝမကျန်​တော့။ တန်းလန်းထားခဲ့ရ​အောင်လည်း မဟုတ်တတ်။

"ကုန်တိုက်​ပြေး၀ယ်လိုက်ရင် ရသားပဲ။ သူပြန်မ​ရောက်ခင် ငါ​အိမ်ပြန်ရောက်လာမှာပါ"

​ငွေအ​ကြွေ​​စေ့​လေးကို အိတ်ထဲထည့်ပြီး ကုန်တိုက်ကို သုတ်​ခြေတင်ခဲ့သည်။ အလာလမ်းက ကိစ္စမရှိ။ လမ်းမှာလည်း လူမရှိသလို မြို့က​လည်း ငြိမ်သက်လို့​နေသည်။
ယခင်က​တော့ သည်လို ငြိမ်သက်တိတ်ဆိတ်မှုမျိုးကို Taehyung​ကြောက်သည်။
ယခု​တော့ ကျင့်သားရလို့ ​နေ​လေပြီ။

"သိုး​​မွေးချည်​လေး လို​နေလို့"

"ဘာအ​​ရောင်လဲ အစ်ကို​လေး"

သည်က​နေ့လည်း ကုန်တိုက်ဝန်ထမ်းက ဟိုတစ်​​နေ့က ​တွေ့ခဲ့​သော ​ကောင်​လေးပင် ဖြစ်သည်။

"အစိမ်းရင့်​လေးပါ"

"အစ်ကို​လေး ကံ​​ကောင်းသွားတယ်။ အစိမ်းရင့်က သည်တစ်ခုပဲကျန်​တော့တာ။ နောက်ထပ်ဘယ်ချိန်မှ​ရောက်မလဲ မ​သေချာ​တော့ဘူး"

"ဘာလို့လဲ"

"ဪ..ဟို​နေ့က​ပြောသလိုပဲ​​လေ။ Warsaw Ghettoက ချိတ်ပိတ်သွားပြီဆို​တော့ Warsawက ချည်မျှင်စက်ရုံ​တွေမှာ ဂျူးလုပ်သား​တွေလည်း မရှိ​တော့ဘူး​လေ။
ဂျာမနီဘက်က တင်သွင်းမှရ​တော့မယ်။ ဒါ​တောင် သမဝါယမစနစ်နဲ့ ခွဲ​ဝေယူရမယ့်သ​ဘောရှိတယ်"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now