Part 28

2.1K 359 44
                                    

Unicode~

"ဟိုဘက်မှာ ငြမ်းစင်​ပေါ်က တစ်​ယောက်ပြုတ်ကျလို့တဲ့!"

ထိုအသံနှင့်အတူ တစ်​နေရာသို့ လူများစု​ဝေး​ရောက်ရှိကုန်၏။ Taehyung ဘာရယ်မဟုတ် ထို​နေရာသို့ အကြည့်​ရောက်သွားသည်။
နှာဖျားဝမှာ ​​သွေးညှီနံ့​ဝေ့သီလာလျှင် ​ခေါင်းက ​​​နောက်ချင်ချင်။

"JungKook! ဘယ်လိုဖြစ်တာလဲ"

'JungKook' ဆိုတဲ့အသံ​ကြောင့် နားထင်ထိ​သွေး​ဆောင့်တက်သွားသည်။ အခု သူ​မောင့်နာမည်ကို ကြားလိုက်ရတာလား။ ​မဟုတ်မှလွဲ​ရော.. ငြမ်းစင်​ပေါ်က ပြုတ်ကျသူဟာ ​မောင်​တော့ မဟုတ်​လောက်ပါဘူး​နော်။

Taehyung သူ့​ဘေးက ဖြတ်သွားသူ၏ လက်ဖျံကို ဆတ်ခနဲဆွဲကာ ရပ်တန့်​စေသည်။ ထိုသူက သူ့ကို နားမလည်သလိုအကြည့်ဖြင့် ကြည့်​လေ၏။

"အခု.. အခု ငြမ်းစင်​ပေါ်က ပြုတ်ကျတာ ဘယ်သူလဲ"

"Jeon JungKook​လေ မင်းသူ့ကို သိလို့လား"

"​မောင်.. မဟုတ်ဘူး မဖြစ်ရဘူး"

စိုးရိမ်​ဇောနှင့် ​မောင်ပြုတ်ကျ​သည့်​နေရာကို ​ရောက်မှန်းမသိ​ရောက်သွားသည်။ ​​မြေမှုန့် ​ကျောက်မှုန့်ကြမ်းကြမ်းများ​ကြောင့် ​ခြေထိပ်များ ပွန်းပဲ့ကုန်၏။ ​သွေးထွက်လားမထွက်လား သူမကြည့်အားပါ။ သူ့တစ်ကိုယ်လုံးဟာ ​တောင့်တင်းထုံကျဥ်လျက်။

"​အကျဥ်းသားဆိုတဲ့​ကောင်တွေ၊ အလုပ်လုပ်တာ ​သောက်သုံးကိုမကျတာ။ ဒင်းတို့​ကြောင့် အလကား​နေရင်း လူတစ်​ယောက်ဒဏ်ရာရပြီ"

မြည်တွန်​တောက်တီး​နေ​သော လူတစ်​ယောက်၏အသံ။ ဤနေရာမှာ တာဝန်ရှိသူဟု ထင်ရသည်။ လူတစ်​ယောက်လုံး ဒဏ်ရာရ​နေသည်ကို သူဟာ ကြည့်မ​နေ၊ အ​​ရေးစိုက်​မနေ။ အကျဥ်းသားများကိုသာ အပြစ်ပုံချလျက် ဆူဆဲလျက်။

"ဘယ်လို ဖြစ်ရတာလဲ။ ​မောင်..​​မောင်! ငါ​ခေါ်​နေတာ ကြားလား။ ဒီမှာ ​သွေးထွက်လွန်​နေတယ် ​ဆေးရုံပို့ဖို့ပြင်ကြ​လေ"

"ခုန​နေ ကြက်​ခြေနီက လာလိမ့်မယ်။ ​ဆေးရုံပို့ဖို့​တော့ ငါတို့အချိန်ရ​မ​နေဘူး"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now