Part 21

2.6K 398 54
                                    

Unicode~

"ငါမ​နေ့က Karlနဲ့ ​တွေ့ခဲ့​သေးတယ်"

JungKook လယ်​တောသွားဖို့ရာ ထမင်းချိုင့်ပြင်​နေရင်း ကြားလိုက်ရသည့်စကားသံ​ကြောင့် လှုပ်ရှားမှုက ရပ်တန့်သွားသည်။
ယခုလများအတွင်း ​မေ့​​မေ့​ပျောက်​ပျောက်ဖြစ်​နေခဲ့​သော Karlဆိုသူက ဘာလို့များ ပြန်​ပေါ်လာတာပါလိမ့်။

"သူက ဘာတဲ့လဲ"

"သူ ဘာလင်ကို ​ရောက်​နေခဲ့တာတဲ့"

"ဪ.. အဲ့ဒီ​တော့"

"ငါ့အ​ကြောင်း သူသိခဲ့တယ် ထင်ပါရဲ့။ Daddyနဲ့ Mommyကလည်း ငါ့ကို လွမ်း​နေတယ်တဲ့"

Kim Taehyung သည်အ​ကြောင်း​တွေ သူ့ကို​ပြော​နေရခြင်းမှာ လျှို့ဝှက်ထိန်ချန်ထားခြင်းမရှိလို၍ ဖြစ်လိမ့်မည်။ သို့​​သော် သူသတိမထားမိလိုက်ခင်မှာပင် သူ့စိတ်​ဟာ ​လေးလံပြီးလျက်သား ဖြစ်​နေ​တော့သည်။

တစ်​နေ့​နေ့တစ်ချိန်ချိန်မှာ ဗိုလ်ချုပ်Kimတို့က Kim Taehyungကို လာ​ခေါ်လိမ့်မည်၊ သူ့ရင်ခွင်ထဲက​နေ မရမကဆွဲထုတ်သွားလိမ့်မည်။ ဒါ​​တွေကို ကြိုသိ​နေ၍ သံ​ယောဇဥ်မထားဖို့ရာ ကြိုးစားခဲ့​​သော်လည်း အချိန်တန်​တော့ နှလုံးသားအလိုလိုက်ရသည်သာ။

"ပြန်ချင်လား ဘာလင်ကို... ခင်ဗျားကို ကျုပ်မဆွဲထားချင်ပါဘူး"

"​မောင်.. ​မင်းဘယ်လို​ပြောလိုက်တာလဲ။ ငါက ပြန်ချင်တယ်လို့ ​ပြော​နေလို့လား.. ဟမ်"

"​ကျုပ်က ခင်ဗျားကို အလိုလိုက်​ပေးချင်တာပါ"

ချစ်ကြင်သူနှစ်ဦးနှစ်​ယောက်ဟာ အ​ခြေအ​နေချင်း သိပ်ကွာ​နေကြသည်ဆိုလျှင် တစ်​ယောက်အတွက် သိမ်ငယ်စရာဖြစ်လာသည်မှာ သဘာဝပင်။
တချို့လူ​တွေအတွက် သိမ်ငယ်မှုက မာနတရားကို ထိတတ်ပြီး တချို့အတွက်​တော့ နှလုံးသားကို လာထိတတ်ပါ၏။

Kim Taehyungနဲ့ ပတ်သက်တဲ့ သူ့သိမ်ငယ်မှုများဟာ သူ့နှလုံးသားကို အရှိန်အဟုန်ပြင်းစွာ တိုက်ရိုက်ထိခတ်လျက် ရှိပါ၏။

"ငါ မပြန်ပါဘူး။ မင်းနဲ့​နေမယ်လို့ ကတိ​ပေးထားပြီးသားပဲ။ ငါပြန်ချင်ရင် Karlက လိုက်ပို့မယ်ဆို​ပေမယ့် ငါငြင်းလိုက်တယ် အဟွတ် အဟွတ်!"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Tahanan ng mga kuwento. Tumuklas ngayon