Part 23

2.4K 390 49
                                    

Unicode~

"ကိုယ်ခံအားအရမ်းနည်း​နေတယ်။ အာဟာရလည်း မရှိသလိုပဲ"

ဆရာဝန် စစ်​ဆေးပြီး ​ပြော​နေသမျှကို သူငြိမ်သက်စွာ နား​​​ထောင်​နေခဲ့သည်။ Kim Taehyungက မနိုးလာ​သေး။ နှုတ်ခမ်းသားများက​တော့ ရဲတွတ်စပြုလာပြီ။

​ခွေကျ​နေ​သော ​ချောကလက်ဆံသားများကို သူပွတ်သပ်​နေမိသည်။ ဆံပင်ကအစ နူးညံ့လိုက်တာ။ သည်လူသားက နုနုနယ်နယ်။ ​လောကဓံအနိမ့်အမြင့်ကို ခံစားနိုင်ဖို့ရာပင် ​ဆောလျင်ပါ​သေးသည်။

"သူ တစ်​နေ့သုံးနပ်​ရော ပုံမှန်စားရဲ့လား"

"ဟုတ်ကဲ့။ သူစားပါတယ်"

"ဖြစ်နိုင်ရင်​တော့ အားရှိတဲ့အစားအစာ​တွေ ​ကျွေး​စေချင်တယ်။ အသားစွပ်ပြုတ်တို့ဘာတို့​​ပေါ့"

"ဪ..ဟုတ်ကဲ့။ ကျုပ်စီစဥ်​ပေးလိုက်ပါ့မယ်"

JungKook အသံက တိုးတိတ်​ညင်သာ​နေသည်။ သက်ပြင်းရှိုက်သံက တိတ်ဆိတ်​နေ​သော အခန်းကျဥ်း၏ ​လေထုထဲ ဖြတ်သန်းစီးဆင်းသွားသည်။

အ​လေးအပင်​တွေ မ,ပြီး တစ်​နေကုန်အလုပ်လုပ်ရသည့်အတွက် ကိုက်ခဲ​နေ​သော လက်ပြင်တ​လျှောက်ကို သူလျစ်လျူရှုထားရသည်။ ယခု​တော့ ထို့ထက်ပင် ပိုလို့ အလုပ်လုပ်ရဦးမည့်ဟန်။
လုံ​​ရော လုံ​လောက်နိုင်ပါ့မလား။ သူဟာ တကယ်ပဲ Kim Taehyungနဲ့ မထိုက်တန်သူလား။

"​ခုနက ​ချောင်းဆိုးတာ ကြာ​နေပြီလို့ ​ပြောလိုက်သလားလို့"

"ဟုတ်ကဲ့ ​ပြောလိုက်ပါတယ် ​ဒေါက်တာ"

"ဖြစ်နိုင်ရင်​တော့ ​ဆေးစစ်ကြည့်​စေချင်တယ်။ သိတဲ့အတိုင်း Oswiecimမှာက ​ဆေးပစ္စည်းသိပ်စုံလှတယ်ရယ်လို့​တော့ မဟုတ်ဘူး"

"​ပြောရတာ အားနာ​ပါတယ်။ ဒါ​ပေမဲ့​လေ ဘယ်​လောက်များ ကုန်ကျ.."

"ကျွန်​တော်နားလည်ပါတယ်။ ​ခေတ်အခါအရ လူတိုင်းက ​ခက်ခဲ​နေ​​တော့ မ​သေချာမ​ရေရာနဲ့ကိစ္စအတွက် ​ဆေးစစ်ချင်မှာ မဟုတ်ဘူး​လေ"

ကိုယ်​တွေလို လူနာများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပုံရ​သော ​ဒေါက်တာက ​အေး​အေး​ဆေး​ဆေးပင် ပြန်​ပြောသည်။ ပုလင်ကြီးချိတ်ထား​သော ကုတင်တိုင်ကို ဆရာဝန်က မကြာခဏ ​မော့ကြည့်စစ်​ဆေးလျက်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now