Part 14

2.6K 417 39
                                    

Unicode~

ပိုလန်နိုင်ငံ Oswiecimမြို့။

ပိုလန်​တောင်ပိုင်းရှိ Oswiecimမြို့လို့ ​ပြောလိုက်သည်နှင့် ​ပြေးမြင်ကြသည်က Auschwitz အကျဥ်းစခန်း။
ဂျူးအကျဥ်းသား ရာ​ထောင်ချီတို့ ပြည့်နက်​နေပြီး ဒုက္ခသုက္ခ စုပြုံလျက်ရှိ​သော နာမည်ကြီးAuschwitzအကျဥ်းစခန်းက Oswiecim၏ အစွန်အဖျားမှာရှိသည်။

ကံ​ကောင်း​ထောက်မစွာ သူတို့​နေရမည့်​နေရာက ထိုမြို့စွန်နှင့် အ​တော်​လေး အလှမ်း​ဝေးသည်။ မြို့ရဲ့ ဟိုဘက်အစွန်နှင့် သည်ဘက် အစွန်ဖြစ်သည်။
Taehyung အကျဥ်းစခန်းနှင့်နီးတဲ့​နေရာမှာ မ​နေချင်ပါ။ ဒုက္ခအ​ငွေ့အသက်များနှင့် ​ဝေးနိုင်သမျှ ​​ဝေးချင်သည်။

"ဒါကျုပ်အိမ်.. အခု​တော့ အိမ်ပျက်ကြီး​ပေါ့"

ပဲ့ကျိုး​နေ​​သော တံခါးကို ဖွင့်လိုက်​တော့ ဖုန်မှုန့်များက ​ထောင်းခနဲ။ ပျဥ်​ထောင်အိမ်​လေးက အကာအရံမလုံမခြုံ။
JungKook​ပြောသလိုဆို ဒါဟာ သူကြီးပြင်းခဲ့​ရာအိမ်။ ​​ဘေးမှာ အိမ်နီးနားချင်း​တွေကလည်း မရှိ။ မြို့ထဲနှင့် အလှမ်း​​ဝေးလှသည်။
အိမ်ခြံပတ်ပတ်လည်မှာ လယ်ကွက်​တွေ​တွေ့ရပြီး ထိုလယ်ကွက်များမှာလည်း ဘာမှစိုက်ပျိုးထားဟန်မတူ၊ ​ပေါင်းမြက်​တွေသာ ထလျက်ရှိသည်။
နှာ​ခေါင်းရှုံ့ချင်မိ​​သော်လည်း ဟန်မပျက်အမူအရာကို ထိန်းကာ..

"မင်း ဒီမှာ ​နေခဲ့တာ​ပေါ့။ ဘယ်အချိန်အထိလဲ"

"Auschwitzကို မဖမ်းသွားခင် အချိန်အထိပဲ"

'အား!'

အိမ်ထုတ်တန်းပေါ်က​နေ ရုတ်တရက်ထွက်လာ​သော မည်းမည်းနက်နက်သတ္တဝါကြီး​ကြောင့် Taehyungလန့်ပြီး အပြင်ကို ချက်ချင်း​ပြေးသွားမိ၏။
ထိုသို့​သော အ​ကောင်ကြီးကို သူတစ်ခါမှ မကြုံဖူးပါ​ချေ။

"ဘာဖြစ်တာလဲ.. ရရဲ့လား"

"​ကြောက်တယ် ဘာ​ကောင်ကြီးလဲမသိဘူး"

"အိမ်ကမ​နေတာကြာ​တော့ လင်းနို့​တွေရှိ​နေတာပါ"

"လင်းနို့​တွေ ဟုတ်လား။ အိမ်ထဲမှာ ရှိကြ​​သေးလားဟင်။ ငါ​ကြောက်တယ် မ​နေရဲဘူး"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now