Part 25

2.3K 359 52
                                    

Unicode~

"​မောင်! ပြန်လာပြီလား။ ငါမင်းကို ​မျှော်​နေတာ"

"ဘာလို့ ​ပြေးလာတာလဲ။ ကျုပ် အိမ်ထဲဝင်လာမှာပဲကို"

အိမ်အဝက​နေ ခြံအဝထိ ​ပြေးလာရသည်ကိုပင် ​ဟော​ဟောဟဲဟဲဖြစ်​နေ​​သော Kim Taehyungအား ကရုဏာ​ဒေါ​သောနဲ့ ​ပြောလိုက်သည်က စကားအနည်းငယ်မာသွား​​လောက်သည်​။
ဒါကိုပင် Kim Taehyungက မိုးပြို​တော့မလိုမျက်နှာဖြစ်ပြ​နေသည်​ကြောင့် သူ့ရင်ထဲ မ​​ကောင်းလှ​တော့။

"ကျုပ်က ခင်ဗျားအတွက် ​ပြောတာပါ"

"ငါနားလည်ပါတယ်။ အခု​ဆေးခန်းက ပြန်လာတာမလားဟင်.. ​ဒေါက်တာက ဘာ​ပြောလိုက်လဲ"

​ဆွေးမြည့်​နေ​သော အိတ်ထဲက ဖိုင်တွဲ​လေးကို သူထုတ်ပြဖို့ရာ မဝံ့မရဲ။ မပြလို့ကလည်း မဖြစ်ပြန်။
Pneumoniaဆိုတဲ့ စာလုံးကိုပင် တခြားအဓိပ္ပါယ်သက်​ရောက်သည်ဟု လိမ်ညာလိုက်သင့်လား။
ထိုအ​တွေးများက JungKookမျက်နှာမှာ တိုက်ရိုက်ထင်ဟပ်လာသည်။

"ဘာလို့လဲ။ မ​ကောင်းတဲ့ အ​ဖြေဖြစ်​နေလို့လား။ ငါအဆင်​ပြေပါတယ်.. ဘယ်လိုအ​ဖြေပဲဖြစ်ဖြစ်"

"အဲ့လို မ​ဟုတ်ပါဘူး"

"ဒါဆို ဘာလို့လဲ ပြ​လေ။ ဒီအိတ်ထဲမှာလား ငါထုတ်ကြည့်လိုက်မယ်"

"အရင်ဆုံး အိမ်ထဲဝင်ပါဦးကွာ"

Taehyungက ထို​ဟောင်းနွမ်း​နေ​သော အိတ်ကြီးကို ဆွဲယူ၍ အိမ်ထဲဝင်သွားသည်။
တကယ်​တော့​လေ.. JungKook အိမ်ထဲလိုက်ဝင်ရမှာ ​ကြောက်​နေတာ..။ ကာယကံရှင်​ မည်သို့တုံ့ပြန်မည်မှန်း မသိ​သော်လည်း သူ့အသည်းနှလုံးများက​တော့ဖြင့် မွစာကြဲမတတ် နာကျင်လှပြီ။

​ခြေတစ်လှမ်းချင်းစီကို အားပြု၍ အိမ်ထဲလိုက်ဝင်​တော့ Taehyungက ထိုဖိုင်တွဲကို ဖွင့်ကြည့်​နေလျက်သား။
သွားပြီ.. သူသိသွားပြီ။ Pneumoniaဆိုတဲ့ စကားလုံးကိုလည်း သူသိ​နေခဲ့မှာပဲ။

"Kim... Kim Taehyung.."

"ငါ..ငါအမြင်မှား​နေတာ မဟုတ်လားဟင်..​မောင်.. ငါအမြင်မှားတယ်လို့ ​ပြော​ပေးစမ်းပါ"

"အချစ်ရယ်.. ကျုပ်ဘယ်လို.."

"ငါ့မှာ ဒီ​ရောဂါရှိ​နေတာလား..ဟင့်အင်း မဖြစ်နိုင်ဘူး"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now