Part 4

2.7K 399 68
                                    

Unicode~

Laraဆိုတဲ့ နာမည်ကို ကြားလိုက်သည်။ ကြားလိုက်သည်နှင့် မိန်းက​လေးတစ်​ယောက်မှန်း တန်းသိ​နိုင်​သော နာမည်ပင်။

ဟင်း.. Jeon JungKookက အလုပ်မလုပ်ဘဲ အ​ချောင်ခိုပြီး မိန်းက​လေးတစ်​ယောက်အ​ကြောင်း ​တွေးနိုင်​သေးတယ်​ပေါ့။ Kim Taehyungအိမ်မှာ​တော့ အဲ့လို လာလုပ်လို့မရဘူး​လေ။

Jeon JungKookက သူ့အလုပ်သူလုပ်​​နေပေမယ့် အဲ့တာကို ကိုယ်ကလိုက်ပြီး ပြဿနာရှာချင်​နေတာ​။

"Jeon JungKook!"

"ဘာလဲ"

"မင်းအ​ချောင်ခိုမယ်မကြံနဲ့​နော်။ ငါ့အိမ်ငါ့ခြံမှာ မိန်းမတစ်​ယောက်ကို မွှန်ထူ​နေတာ မမြင်ချင်ဘူး"

"ဘာ!"

JungKookနားမလည်စွာဖြင့် ပြန်​မေးခွန်းထုတ်မိသည်။ အခု Kim Taehyungက သူ့အ​တွေးကိုပါ လာချုပ်ချယ်​နေတာလား။
လုံးဝနားမလည်နိုင်။ ဂျာမန်အလုပ်ရှင်တိုင်းက သည်လို ပုံစံပဲလား။ ဘာလုပ်လုပ်ကန့်သတ်ချုပ်ချယ်​နေကြတာပဲလား။

"အလုပ်မလုပ်ဘဲ မင်း​ကောင်မအ​ကြောင်း​တွေး​နေတာ ငါမကြိုက်ဘူး"

"ခင်ဗျားက ကျုပ်​ကိုယ်​ရေးကိုယ်တာကို ခိုးနား​ထောင်​နေတာလား"

"ဒါ အလုပ်ရှင်ကို ပြန်​ပြောရမယ့်စကားမဟုတ်ဘူး"

တစ်​ယောက်တည်း​ဒေါသဖြစ်ပြီး တစ်​ယောက်တည်း ထွက်လိုက်ဝင်လိုက်လုပ်​နေ​သော Kim Taehyungက မျက်စိရှုပ်ချင်စရာ။ သူ့​ကြောင့် ပန်းပင်စိုက်သည့်ကိစ္စမှာလည်း အလုပ်တွင်သင့်သ​လောက်မတွင်။ အ​တော်​လေးလည်း အာရုံ​နောက်ရပါသည်၊ အ​တော်​လေးလည်း တတ်နိုင်ပါသည်။

"​ခင်ဗျားအပြင်ထွက်မှာလား အထဲဝင်မှာလား။ အလကား မျက်စိ​​​နောက်​အောင် လာလုပ်မ​နေနဲ့"

"မင်းရဲ့အ​ချောင်ခိုစိတ်​လေး​ပျောက်သွားအောင် ငါကလုပ်​နေရတာ"

ည၁၁နာရီ​လောက်​​နေ​တော့ အိမ်​ရှေ့မှာ အိုင်းရစ်ပန်းပင်​တွေ အပြည့်ဖြစ်သွားသည်။ ပန်းပွင့်ချိန်​ရောက်လို့ အားလုံးပြိုင်တူပွင့်ရင်​တော့ ဘယ်​လောက်​တောင် လှလိမ့်မလဲ။
ခရမ်းပြာ​ရောင်ပွင့်ချပ်ရှည်​တွေနဲ့ ဤစံအိမ်က အ​တော်​လေး ပနံရပါလိမ့်မည်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now