Part 24

2.2K 380 64
                                    

Unicode~

"​မောင်ကလည်း ငါ​နေ​​ကောင်း​နေပြီဆိုတာကို အဟွတ်"

"​နေမ​ကောင်းလို့ မဟုတ်ဘူး ဆရာဝန်က ​ဆေးစစ်ဖို့ ​ချိန်းထားလို့"

Kim Taehyungကို ​ဆေးခန်း​ခေါ်ရသည့်ကိစ္စက လွယ်မ​ယောင်နဲ့ ခက်သည်။ က​လေးမဟုတ်​သော်လည်း ​ဆေးရုံ​ဆေးခန်းသွားဖို့ရာ ​ကြောက်​နေပုံပါပဲ။

"ငါလမ်းမ​လျှောက်ချင်ဘူး။ ငြိမ်ငြိမ်ပဲ​နေချင်တာ"

ငြိမ်ငြိမ်​နေတာက ပြဿနာလို့ JungKook ​အော်ပစ်လိုက်ချင်ပြီ။ ဘာလို့များ ကိုယ့်ဟာကိုယ်သတိမထားမိရတာလဲ။ လှုပ်လှုပ်ရှားရှားလုပ်ရုံနှင့် ​မောဟိုက်​နေတာကို Kim Taehyungက နည်းနည်းမှ သံသယမဝင်ဘူးလား။

"Kim Taehyung... ခင်ဗျားကိုယ်ခင်ဗျား မလိမ်နဲ့။ ကျုပ်ကိုလည်း မလိမ်နဲ့။ ခင်ဗျားကို ကျုပ်အရိပ်တကြည့်ကြည့် ကြည့်​နေတာ.. မသိဘူးထင်လို့လား"

"​မောင်..."

"ဆရာ၀န်နဲ့ပြပြီး အ​ဖြေထွက်လာရင် သက်သာသွားလိမ့်မယ်။ မ​ကြောက်နဲ့​နော်"

​မောင့်ကို ကြည့်​နေရင်း သူ​ခေါင်းခါမိ​လေသလား၊ ​​ခေါင်းညိတ်မိ​လေသလား မသိပါ။ ​သေချာတာ​တော့ ​မောင့်ကို သူ့ခန္ဓါကိုယ်စိတ်အ​နေအထား ဘယ်အရာမှ လိမ်ချင်လို့မရ။
​မောင်က ကိုယ့်ထက် ကိုယ့်အ​ကြောင်းကို ပိုသိလို့​နေပါသည်။

မြို့ထဲက ​ဆေးခန်းဆီ သူတို့နှစ်​​ယောက် ​ရောက်လာပြန်သည်။ ​သည်ဆရာဝန်​လေးဆီလာ​သော လူနာများက အ​​ခြေခံလူတန်းစားခပ်များများဖြစ်သည်။
ပုဂ္ဂလိက​ဆေးခန်းအများစုက အသပြာကို အဓိကထားကြသည့်အတွက် အ​ခြေခံလက်လုပ်လက်စားလူတန်းစားများအဖို့ မတတ်နိုင်၊ ​အစိုးရ​ဆေးရုံသွားဖို့ရန်ကျ စစ်ထဲမှ ဒဏ်ရာ​ရစစ်သားများနှင့်ပင် ဆရာဝန်များ လက်မလည်နိုင်။
ထို့​ကြောင့် ​​ဈေးအသင့်အတင့်နှင့် ​​စေတနာ​ကောင်း​သော သည်ဆရာဝန်​လေးဆီ လူနာများ ပြည့်လျှံ​နေရခြင်းဖြစ်သည်။

"ဪ... Mr. Jeon ဟုတ်တယ်​နော်။ ကျွန်​တော် ဒီလူနာတစ်ဖြတ်ပြီး​အောင်ကြည့်လိုက်ဦးမယ်။ ​စောင့်လို့ရတယ်မလား"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now