Part 20

2.8K 410 58
                                    

Unicode~

"ဟင့်အင်း.. မ​ကောင်းဘူး..။ အချိန်မလွန်ခင် ရပ်ကြတာ အ​ကောင်းဆုံးပဲ"

"ဘာ"

'ဝုန်း!'

နဂိုကပင် ​ရှေ့ဖြစ်​ဟော​ဗေဒင်များကို အယုံအကြည်မရှိသူ ဖြစ်လင့်ကစား သည်လို​​ဟောချလိုက်​တော့ စိတ်တိုမိတာအမှန်။ ဟန်ပြဖန်လုံးကြီး တင်ထား​သော စားပွဲကို အုံခနဲ ထုချလိုက်​တော့ ဖန်လုံးက ယိုင်သွားသည်။
Kim Taehyungက သူ့အင်္ကျီအနားကို လာဆွဲထား​​လေရဲ့။

"​တော်​တော့ ​Jeon JungKook"

"ငါက​တော့ မြင်တာကို ​ဟောတာပဲ​လေ။ ယုံတာ မယုံတာ မင်းတို့အပိုင်း​ပေါ့"

"ဟုတ်ကဲ့ ခွင့်ပြုပါဦး​နော်။ လာ ​မောင်.. ပြန်ကြစို့"

"အလကား ​ပေါက်ကရ​တွေ​ဟောပြီး ပိုက်ဆံညစ်​နေတာ"

​ရှေ့ဖြစ်​​ဟောဆရာမကြီးကို အားနာမိ​သော်လည်း ​​မောင့်ကို အပြစ်မဆိုသာ။ သည်​နေ့မှ ခံစားချက်ကို ဖွင့်ဟပြထားကြသူ​တွေအဖို့ သည်လိုဆိုးဆိုးရွားရွား​ဟောကိန်းကို ကြားရသည်က သိပ်​ကောင်း​​သော နိမိတ်​တော့ မဟုတ်ပါ​ချေ။

အမှတ်တရ​​လေးပါပင်.. နာတာလူးရဲ့ အမှတ်တရဟုပင် လွယ်လွယ်ကူကူ​​​ခေါင်းစဥ်တပ်လိုက်မိပါရဲ့။
သည်နှစ်နာတာလူးက သူ့ဘဝတ​လျှောက်လုံး ကြုံ​တွေ့ခဲ့ဖူးသမျှ​​သော ​ပျော်စရာ​ကောင်းလှချည့်ဟူသည့် နာတာလူး​တွေထက် ပိုသာ၍ ကြည်နူးဖွယ်အတိ။

​​မောင့်လက်ကို ချိတ်ပြီး ပြန်ခဲ့ရသည့် အိမ်ပြန်လမ်းဟာ လမ်းမီးများ ထိန်ထိန်ညီးမ​နေပါ​သော်လည်း သဘာဝလ​ရောင်အလင်းက​တော့ ဖြန့်ကျက်​ပေးလျက်ရှိသည်။
အကယ်၍များ လ​မင်းကြီးကို ထိန်းချုပ်နိုင်စွမ်းသာ ရှိပါလျှင် ထိုလ​ရောင်ဟာ ချစ်ခြင်းအားဖြင့် ထုံမွမ်းထားသည်ဟု မှတ်ယူလိုက်ချင်ပါ၏။

သူတို့အိမ်လမ်း​လေး​ရောက်​တော့ ​ခွေးအူသံတစီစီကို ကြားရသည်။ ပုံမှန်ည​တွေမှာ သည်အချိန်ဆို တံခါးလုံ​အောင်ပိတ်ပြီး အိပ်ကြပြီဖြစ်တာ​ကြောင့် ထို​ခွေးအူသံများကို သတိမထားမိပါ။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now