Part 13

2.6K 413 55
                                    

Unicode~

"အဲ့တာဘာဖြစ်​နေကြတာလဲ!"

အိပ်မက်ကို နိုးထ​စေ​သောအသံမှာ သူတို့နှစ်ဦးသား တစ်​ယောက်ကိုတစ်​ယောက် ဖယ်ခွာမိလျက်သား။

"Da..Daddy ဘယ်လို..ဘယ်လိုဖြစ်ပြီး​ရောက်လာ"

ညအ​​မှောင်မှာပင် Daddyမျက်လုံး​တွေက ​ဒေါသအရှိန်နဲ့ တဝင်းဝင်း​တောက်လျက်ရှိသည်။ Taehyungမှာ သူ့အလိုလိုစကားမထစ်ဘဲ မ​နေနိုင်​တော့။

"အဲ့တာဘာဖြစ်​နေကြတာလဲသာ ​ဖြေစမ်းပါ"

"ဟို.. အဲ့တာက"

ပက်ပင်းမိသွားတဲ့ အ​ခြေအ​နေ​ကြောင့် Taehyung စကားတစ်ခွန်းထွက်လာဖို့အ​ရေး သတ္တိ​မွေး​နေရသည်။ လက်တစ်ဖက်က ည၀တ်အင်္ကျီစကို လုံး​​ချေကာ ကျန်တစ်ဖက်က ​အေးစက်​နေတဲ့ JungKook၏ လက်ကို ကိုင်ထားမိလျက်သား။
ထိုလက်ကိုလွှတ်လိုက်ရမည့်အစား ပိုတင်းကြပ်စွာကိုင်ထားမိသည်။ လက်က ပို​အေးစက်လာသ​ယောင်။

"ဘာဖြစ်​နေကြတာလဲလို့..ဟမ်.. ​ခြောက်​နေကြတာလား မင်းတို့က"

"ကျုပ်အတင်း​တောင်းဆိုလို့ ဖြစ်တာ.."

"Jeon JungKook!"

သူရဲ​ကောင်းဝင်လုပ်​နေ​သော Jeon JungKookကို ​ကျေးဇူးမတင်နိုင်ပါ။ ဒါဟာ ကိုယ်စလိုက်​သော အ​ခြေအ​နေဖြစ်ပါလျက် သူ​ဝင်ပြီး​ခေါင်းခံစရာမလို။ အဲ့သည်လိုလုပ်ခွင့်လည်း မ​ပေးနိုင်။

ရုတ်တရက်ဆိုသလို ပြည့်ခါနီးလမင်းကြီးက အ​ရောင်မှိန်သွားသည်။ ကြယ်​တွေကလည်း ​ပုန်းလျှိုး​​ပျောက်ကွယ်ကုန်သည်။
သာယာတဲ့ညချမ်း​လေးအဖြစ်က​နေ ​ခြောက်ခြား​မှောင်မိုက်​သော ညနက်အဖြစ် အသွင်​ပြောင်းသွားဖို့ရာ အချိန်အားဖြင့် ၁၀မိနစ်ပင်မလိုပါ။

"ဘယ်သူ​တောင်းဆိုတာ မဆိုတာ ငါစိတ်မဝင်စားဘူး။ အခု မင်းတို့ ဒီလိုဖြစ်​နေကြတာ ဘယ်​လောက်ထိ ရှက်ဖို့​​ကောင်းလဲ သိရဲ့လား"

နှစ်ဦးသားလုံး တိတ်ဆိတ်လျက်။ စွန့်စားသင့်သည့်လား၊ လက်​လျှော့လိုက်သင့်လား.. ချက်ချင်း​ဝေဖန်ပိုင်းခြားနိုင်ဖို့ရာ ခက်လှပါသည်။
သူတို့နှစ်ဦးသားဟာ တစ်နည်းအားဖြင့် ချစ်သူ​တွေ မဟုတ်ကြပါ။ ဆိုင်သူကိုယ်စီရှိနှင့်ကြပြီး မ​ကျော်သင့်တဲ့ စည်းအထပ်ထပ်လည်း သူတို့နှစ်​​ယောက်ကြား အများကြီး​ပေါ့။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 حيث تعيش القصص. اكتشف الآن