Part 1

7.2K 535 107
                                    

Unicode~

၁၉၄၀ ခုနှစ်၏ ​ဂိမှာန်နွေရာသီ။

ပိုလန်နိုင်ငံ၊ Oswiecimမြို့။

အညှာအတာကင်းမဲ့စွာ ပူပြင်း​နေ​သော ​နေမင်း၏ အပူရှိန်​အောက်က Auschwitz နာဇီအကျဥ်းစခန်း။ အကျဥ်းသားတို့၏ ရင်ထဲက စကားသံကို ကြားခွင့်ရလျှင် ပွက်ပွက်ညံ​နေလိမ့်မည်။

မကြာ​သေးမီက ဂျာမန်တို့သိမ်းပိုက်၍ ဖွင့်ထား​သော စစ်အကျဥ်းစခန်းက လပိုင်းအတွင်းမှာပင် အကျဥ်းသားဦး​ရေ များပြားလို့လာသည်။ တစ်​နေ့ထက်တစ်​​နေ့ ပိုများလို့လာ​သော ဂျူးလူမျိုးအကျဥ်းသား​​တွေဟာ လွတ်​မြောက်ရာလမ်းမဲ့​​နေကြ၏။

သည်အကျဥ်းစခန်းကို သူတို့​ရောက်လာရသည့်အ​ကြောင်းအရင်းက ဂျူးလူမျိုးဖြစ်​နေရခြင်း​ကြောင့်။ ဂျူးလူမျိုးဖြစ်​နေရခြင်းမှာ သူတို့အတွက် ​လျှောက်လဲချက်​ပေးစရာ အခွင့်အ​ရေးတစ်စုံတစ်ရာ မရှိခဲ့။

ကျပ်ကျပ်သိပ်သိပ် လူချင်းဖိမတတ်အိပ်စက်ရ​သော အိပ်ရာ၊ ​ရေမ​လောက်မငနဲ့ ​ရေချိုးခန်း။
တူညီ၀တ်စုံတစ်ခုကိုသာ အထပ်ထပ်အခါခါ၀တ်ဆင်ရသည့်အခါ စုတ်ပြတ်သတ်လို့​နေ​သော ခန္ဓါကိုယ်။
Auschwitzက သူတို့အတွက်​တော့ ငရဲခန်းနှင့်မခြားပါ။

Auschwitzမှာ အသက်ရှင်ကျန်​နေရခြင်းထက် ​​ဆောလျင်စွာ ​သေဆုံးခြင်းကသာ ငြိမ်းချမ်းဖွယ်ဖြစ်လိမ့်မည်။ သိပ်​တော့လည်း မထူးဆန်းပါ။ Auschwitz​ရောက်လာလျှင် လူတိုင်းက ​သေဖို့ကံပါပြီးသား။
အ​နှေးအမြန်သာ ကွာလိမ့်မည်။ အားလုံးက​တော့ တစ်​နေရာတည်းမှာ တစ်ပုံစံတည်းအသတ်ခံရမည့် ဂျူးလူမျိုး​တွေချည်း။

"ဟိုဘက်က ​ကျောက်တုံး​တွေ သွားသယ်စမ်း။ မြန်မြန်သွား​ ​အောက်တန်းစား​တွေ လိပ်လို လုပ်မ​နေနဲ့"

မွန်းလွဲ ၂နာရီအချိန်က ​နေကျစ်ကျစ်​တောက်ပူသည်။ အ​ရေပြား​အက်ကွဲမတတ်​သော အပူချိန်မှာ ဘာ​သောက်သုံးမှမဝင်​​သော ​ကျောက်တုံးကြီး​တွေကို ဘယ်ညာ မ,လို့ သွား​နေရသည်။
ဟိုမှသည် ​ကျောက်တုံး​တွေကို သယ်ခိုင်းရခြင်း အ​ကြောင်းပြချက်က ဂျူးလူမျိုး​တွေကို နှိပ်စက်ဖို့ချည်းသက်သက်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now