Part 17

2.6K 431 57
                                    

Unicode~

"ဘာဖြစ်လို့လဲ"

Jeon JungKook မြင်ရမှာ မဟုတ်​သော်လည်း Taehyung ​ခေါင်းခါပြသည်။

"ငို​နေတာ​​တော့ မဟုတ်ဘူးမလား"

​ကျောပြင်​ပေါ်က အိစက်စက်အထိအ​တွေ့က Kim Taehyung၏ ပါးတစ်ဖက်ဖြစ်လိမ့်မည်။ သည်လူသားမှာ အဲ့သည်လို တွယ်တာတတ်တဲ့ အကျင့်​လေး​တွေ ဘယ်ကတည်းရှိခဲ့တာများလဲ။ ဘယ်တည်းက ထိန်ချန်ခဲ့ရတာများလဲ။

"မငိုပါဘူး.. ငါချမ်း​နေလို့"

JungKook တစ်ဖက်သို့ လှည့်လိုက်ပြီး Taehyungကို ရင်ခွင်ထဲ သိမ်းကြုံးထည့်ကာ ​နွေး​ထွေး​စေ​တော့သည်။

အသက်ရှူနှုန်း ခပ်မျှင်းမျှင်းက ရင်ခွင်ကို ရိုက်​ခတ်ကျီစယ်​နေ​​လေ၏။ ဤမျက်နှာချင်းဆိုင်အ​နေအထားမှာ တစ်​ယောက်၏ဘယ်ဘက်ရင်အုံကရင်ခုန်သံသည် ​တစ်​ယောက်၏ လစ်လပ်​နေ​သော ညာဘက်ရင်အုံကို ဖြည့်ဆည်းလျက်ရှိ၏။

"​နွေးသွားပြီလား"

အ​တော်ကြာ​အောင် သည်အ​​နေအထားမှာ ရှိ​နေခဲ့ကြတာ။ ​တစ်​​နေ့တာ ပင်ပန်းမှုဟူသမျှက သည်အချိန်​လေးမှာ​တော့ သက်သာ​သ​ယောင်​ယောင်။

သခင့်ကိုယ်သင်းရနံ့က နှာဖျားဝဝယ် ပွတ်သပ်ကျီစားလျက်။ အထိအ​တွေ့တစ်ခုချင်းစီမှာ နိဗ္ဗာန်ဆိုသည့်အရာက တွဲခိုလျက်ရှိသည်။

ကျုပ် ခင်ဗျားကို မြတ်နိုးမိ​နေပါပြီ​ရော သခင်ရယ်။

ဖွင့်မ​ပြောဖြစ်​​သော်ငြား.. သခင်မြင်လှည့်ရင် ကြင်​တော်မူသင့်ပါသည်။
____

ခရစ္စမတ်နာတာလူးပွဲ​တော် နီးလာပြီဖြစ်၍ မြို့​လေးက လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ​ဈေးထဲမှာ နာတာလူးပစ္စည်း​တွေ ဝယ်ကြခြမ်းကြသူအပြည့်။

သူတို့အိမ်နားလို မြို့စွန်​မှာပင် လူလူသူသူမြင်ရ​တွေ့ရသည်မှာ စိပ်လို့လာသည်။
Taehyung ဒါကိုပင် ​အ​ကျေနပ်ကြီး ​ကျေနပ်​နေမိသည်။ ​သည်လို စည်စည်ကားကားမြင်ကွင်းမျိုး မမြင်ရသည်မှာ နှစ်လရှည်ကြာ​ခဲ့​လေပြီဟု ထင်မိ​တော့သည်။

"နာတာလူးပွဲ​တော်ပဲ ​ရောက်ချင်​​နေပြီ"

"​ရောက်ရမှာ​​ပေါ့"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now