Part 31

2.8K 386 55
                                    

Unicode~

"ဘယ်သွားမှာလဲ"

ဘူတာရုံက လက်မှတ်ဖြတ်သည့်​နေရာမှာ နှုတ်ခမ်း​မွေးကားကားနှင့်လူကြီးက အလိုမကျဟန် စစ်​မေး​နေ​လေ၏။ မနက်၃နာရီ​ခွဲ အရုဏ်တက်ချိန်ဖြစ်​​လေရာ ထိုလူကြီးမှာ အိပ်ချင်​​နေလိမ့်မည်၊ ဒါ​ကြောင့်လည်း လက်မှတ်ဖြတ်​ပေးရသည့်ကိစ္စမှာ သိပ်စိတ်ရှည်မ​နေ။

"Oswiecim.. အခု..ရထား"

"နေမ​ကောင်းဘူးလား ​ကောင်လေး၊ အ​ဖော်​ရော မ​ပေါဘူးလား။ တစ်​ယောက်တည်းလား"

သူ​နေမ​ကောင်းတာက သိသိသာသာ။ ညိုမဲ​နေ​သော မျက်ကွင်းချိုင့်ချိုင့်ကိုကြည့်ရုံနှင့် သူ့ကျန်းမာ​ရေးအ​ခြေအ​နေကို ရိပ်စားမိနိုင်ပါသည်။

"အင်း.."

"​​ရော့.. လက်မှတ်။ ဂရုစိုက်သွားဦး"

ရထားလက်မှတ်အရ Oswiecimသွားမည့်ရထားက မနက် ၄နာရီဖြစ်သည်။ အချိန်သိပ်မလို​တော့။ သိပ်မကြာခင်မှာ ရထားဥဩဆွဲသံကို ကြားရပါလိမ့်မည်။

Taehyung ထိုလူကြီးဆီက ​ဖောင်တိန်ခဏငှားလိုက်ပြီး ရထားလက်မှတ်​နောက်​​ကျောမှာ ​မောင့်အိမ်လိပ်စာကို ​ရေးမှတ်လိုက်သည်။ Oswiecim​ရောက်လို့ လမ်းဆက်မ​လျှောက်နိုင်ခဲ့သည်ရှိ​သော် ထိုလိပ်စာပြပြီး အကူအညီ​တောင်းနိုင်ရန်ပင်။

သူ​မျှော်လင့်ထားသည့်အတိုင်း ရထားဥဩဆွဲသံကို ကြားလာရသည်။
ထိုအသံက နားထဲစီးဝင်​ချက် ခပ်ပြင်းပြင်း.. Oswiecimသွားမည့်ခရီးသည်မဟုတ်သူများက​တော့ ထိုအသံကိုကြားလျှင် နားကို ပိတ်​လေ၏။

​မောင့်ဆီ ​ရောက်ဖို့ရာ ၁၀နာရီခန့်သာ လိုပါသည်။ ထို ၁၀နာရီအတွင်း ဘာမဆို ဖြစ်သွားနိုင်ပါလျက် သူဟာ ​မောင်ရှိရာသို့သာ ဦးတည်ချင်ပါသည်။
____

Oswiecimမှာ ရာသီဥတုက အုံ့မှိုင်းမှိုင်း။ မကြာခင် ​ဆောင်းဦးကာလ​ရောက်​တော့မည်ဖြစ်​သော်လည်း မိုးစက်များက တ​ပေါက်​ပေါက်ကျ​နေဆဲ။
မနက်ခင်း ​နေ​ရောင်ခြည်ကို မမြင်ရ။ မိုးသားတိမ်လိပ်များက တလိပ်လိပ်မြင့်တက်လာလျက်ရှိသည်။

သည်လို​မိုးရွာသည့်နေ့များမှာ သူ့ဘယ်ဘက်​ခြေ​ထောက်က အဆမတန်​နာကျင်သည်။ ရာသီဥတုနှင့် နာကျင်မှု ဘယ်လိုဆက်ဆိုင်သည်ဆိုတာကို​တော့ သူဉာဏ်မမီ။ သို့​သော် မိုးရွာတိုင်း ​​ခြေ​ထောက်တစ်ဖက်က ထုံကျဥ်ကိုက်ခဲ​လေ့ရှိသည်ကို​တော့ သတိပြုမိသည်။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Onde histórias criam vida. Descubra agora