Part 19

2.7K 406 148
                                    

Unicode~

​မနက်ဖြန်ဆို နာတာလူးပွဲ​တော်​ရောက်​တော့မည်။
သည်ညအိပ်လိုက်ရုံဖြင့် ​နောက်​နေ့က ခရစ္စမတ်ပင်။

အိမ်​ရှေ့ကျီး​​ပေါင်းပင်ကို အတူတူ အလှ​ဆင်ကြရင်း မည်မျှ​​အေးသည်၊ မည်မျှ​​နွေးသည်ကိုပင် လျစ်လျူရှုမိပြီးလျက်သား။
​ရွှေ​​ရောင်​ခေါင်း​လောင်းများက တစ်ပတ်ရစ်ပစ္စည်းဖြစ်တာ​ကြောင့် အနားသတ်​ဆေးများက ကွာကျလျက်။ သို့​သော်လည်း သိပ်ပြီး မသိသာလှပါ​လေ။ အ​ဝေးကမြင်လျှင်​တော့ လှ​နေဆဲပါပင်။

"မီးပုံးလေး​တွေ ဒီနား​လောက်မှာ ချိတ်ရ​အောင်"

"​အင်း..ကြိုက်သလိုသာလုပ်"

လက်တစ်ဝါးစာ​လောက်ရှိ​သော မီးပုံ​​လေး​တွေထဲ မီးထွန်းပြီး ကျီး​​ပေါင်းပင် အလယ်နားမှာ တန်းစီချိတ်လိုက်သည်။ သူများတကာလို ​ရောင်စုံမီးပုံး​တွေ လင်းထိန်​နေ​အောင်အထိ မတတ်နိုင်​သော်လည်း သူတို့ခရစ္စမတ်သစ်ပင်​လေးက သူ့အတိုင်းအတာနဲ့သူ​တော့ လှ​နေတာပါပဲ။

"မနက်ဖြန်ကျ ငါ့ကို ပွဲ​တော်ဆီ​ခေါ်သွားမယ်​ပြောထားတယ်​နော်"

"အင်း.. စိတ်ချပါ"

"ပွဲ​တော်အတွက် အရမ်းရင်ခုန်​နေပြီ ငါ​တော့"

အင်မတန် စိတ်လှုပ်ရှား​ပျော်ရွှင်​နေဟန်​ပေါက်​သော Kim Taehyungကို ကြည့်ရင်း သူပြုံးမိသွားသည်။ လူတစ်​ယောက်၏​ပျော်ရွှင်မှုက တစ်​ယောက်၏အပြုံးဖြစ်လာဖို့ရာ ​ပေါင်းကူးတံတားအဖြစ် ချစ်ခြင်း​မေတ္တာ​တွေသာ လိုပါသည်။

"ဒီ​လောက်ဆို အရမ်းလှ​​နေပြီပဲ။ နားကြ​တော့မလား"

ပုခုံး​ပေါ်က ခပ်​​နွေး​နွေးအထိအ​တွေ့က သူ့ကို ခွန်အား​ပေးလျက်ရှိ​​သော လက်တစ်စုံ။

ညအ​မှောင်ထုထဲ ခရစ္စမတ်သစ်ပင်​လေးက တတ်စွမ်းသမျှအလင်း​ပေးလျက်ရှိ​လေ၏။
____

​နာတာလူးပွဲ​တော်ဟာ တစ်ကမ္ဘာလုံးအလုပ်နားကြသည့် အားလပ်ရက်ဟု ယူဆထား​ပါ​သော်လည်း Jeon JungKookအတွက်​တော့ ဟုတ်ဟန်မတူပါ။ မနက်​စော​စောပင် ထိုလူက လယ်​တောထဲ သွားလိုက်​ချေပြီ။
ဖြစ်နိုင်လျှင် သည်တစ်ရက်​တော့ မသွားပါနှင့်ဟု တားလိုက်ချင်​သော်လည်း သူ့မှာဤမျှ​သော အခွင့်အ​ရေးရှိမရှိ မ​​သေချာပါ။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now