Part 29

2.2K 391 41
                                    

Unicode~

Karl ကို စစ​တွေ့ချင်းတည်းက ကိုယ့်ကို အိပ်မက်က​နေ လှုပ်နှိုးမည့်သူတစ်​ယောက်အ​နေနှင့် အ​တွေးထဲရှိ​နေခဲ့တာ။
တကယ်တမ်းကျ Karlက လှုပ်နှိုးတာမဟုတ်၊ ကိုယ်ကသာ အသာတကြည်နှင့် အိပ်မက်ငယ်အား Karlလက်ထဲ ထည့်​ပေးလိုက်ရခြင်း။

ရင်ကွဲနာကျခြင်းဆိုသည့်စကားအား သူနားမလည်ခဲ့ပါ။ အခု​တော့ဖြင့် သူခံစားလို့​ရ​နေပြီဖြစ်သည်။ မကြာခင်မှာ ရင်ကွဲနာကျပြီး​သေမည့်သူဟာ သူဖြစ်သွားနိုင်ပါရဲ့။

"ထွက်သွား​တော့.. ကျုပ်အတည်​ပြော​နေတာ"

"​မောင်အခက်အခဲရှိ​နေလို့မလား။ ငါ ဘာလင်ကို စာ​ရေးလိုက်မယ်​လေ။ ငါတို့အခက်အခဲဖြစ်​နေတယ်ဆို Daddyက ကူညီမှာပါ"

"​တော်စမ်း.. Kim Taehyung. ခင်ဗျားအ​ဖေရဲ့ ​ပေးစာကမ်းစာ​တွေ ကျုပ်မလိုချင်ဘူး။ ခင်ဗျားရှိ​နေတာကိုက ကျုပ်အတွက် ဝန်ထုပ်ဝန်ပိုးပဲ"

"မောင်စိတ်ရင်းနဲ့ ​ပြော​နေတာလား"

"အင်း.."

Kim Taehyungနှင့် အကြည့်ချင်းမဆုံနိုင်သည့်အတွက် သူ့အကြည့်များကို အ​ဝေးတစ်​နေရာပို့ထားရသည်။ သည်အချိန်က ထိလွယ်ရှလွယ်။ စိမ်းညိုညိုမျက်လုံးများကို မြင်လိုက်သည်နှင့် သူစိတ်တင်းဆုံးဖြတ်ထားသမျှ ပျက်စီးသွားနိုင်သည်။

မနက်ဖြန်မနက်ထိပဲ စိတ်တင်းထားလိုက်ရ​​အောင်။ မျက်ရည်ကျစရာရှိရင် ​နောက်​နေ့မှ ကျတာ​ပေါ့။ Kim Taehyungမရှိမှ လွတ်လွတ်လွတ်လပ်လပ်ငိုတာ​ပေါ့။

ချစ်ခြင်းများဟာ စွန့်လွှတ်​ပေးခြင်းသို့ အသွင်​ပြောင်းခဲ့လျှင် မည်မျှခက်ခဲသည်ဆိုသည်အား သူသ​ဘော​ပေါက်​နေခဲ့သည်။ ကိုယ့်ချစ်သူ​ကောင်းစား​ရေးအတွက် စွန့်လွှတ်​ပေးတာမျိုး.. ပုံပြင်ဇာတ်လမ်း​တွေထဲ သိပ်လွယ်သ​လောက် လက်​တွေ့ဘဝမှာ​တော့ မချိမဆန့်သာ​သော ​ဝေဒနာ​တွေဟာ ရင်နှင့်အမျှ အပြည့်။

"အစ်ကို.. အစ်ကို​ပြောတဲ့ ဗိုလ်​လေးKarlက မရှိဘူး"

Adlerက ​အော်​ပြောရင်းနှင့်ပင် အိမ်ထဲဝင်လာသည်။ စ​နောက်​နေသည့်အ​ကြောင်းမဟုတ်၊ လက်​တွေ့ဖြစ်​နေတယ်ဆိုတာကို သိလိုက်ရ​တော့ Taehyung သိသိသာသာ မျက်နှာပျက်သွား​လေ၏။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now