Part 11

2.8K 405 51
                                    

Unicode~

ညဧည့်ခံပွဲမှာ​တော့ နှစ်ဖက်လူကြီး​တွေ မပါဝင်​တော့။

သူက​တော့ Ben၏ သူငယ်ချင်းအရင်းကြီးဖြစ်​နေတာ​ကြောင့် မနက်ကတည်းကပင် အိမ်မပြန်ဖြစ်​သေး။
အတူပါလာသည့် Millieမှာလည်း ထို့နည်းတူ။

လူငယ်နှစ်​ယောက်၏ ဧည့်ခံပွဲဖြစ်တာ​ကြောင့် အရာရာက ​ပေါ့​ပေါ့ပါးပါး လွတ်လွတ်လပ်လပ်။
အလယ်က စားပွဲရှည်ကြီးမှာ ယမကာမျိုးစုံနှင့် အချိုပွဲမျိုးစုံ တည်ခင်းထားသည်။

လွန်ခဲ့သည့် ရက်အ​တော်ကြာက သူသည်လို​နေရာမှာ ရပ်​နေရင်း တစ်​ယောက်​သောသူကို ကြည့်​နေခဲ့ဖူးသည်။ ကြည့်ရုံနဲ့တင် တင်းတိမ်လိုက်ရမည်မှန်း သဘာဝတရားကြီးက သူ့ကို အချက်ပြလို့​နေပါသည်။

သူ့ဘက်ကသာ အဆင့်မတက်ခဲ့လျှင် အခုအချိန်မှာ သူ​ပေါ့​ပေါ့ပါးပါးနှင့် အရက်တစ်ခွက် စီးကရက်တစ်လိပ်ကိုမြိန်​ရေရှက်​ရေ ​သောက်​နေမိလိမ့်မည်။ အခု​တော့ဖြင့် သူ့ရင်ဘတ်ကို ခဲကြီးတစ်လုံး ဖိထားမိသကဲ့သို့ပင်.. ကူကယ်ရာ မဲ့​နေလို့။

ဘယ်ဘက်အင်္ကျီအိတ်ကပ်မှာ ထည့်ထား​သော မိန်းက​လေး၏ ဓါတ်ပုံ​ကြောင့် သူ့နှလုံးသားထဲက လှိုက်ခနဲ နာကျင်​နေရသည်။
​​ခြေမွှပြီး ဖျက်ဆီးပစ်ချင်တာ​တောင် ဓါတ်ပုံပိုင်ရှင်မျက်နှာကို မြင်​ယောင်ပြီး မလုပ်ရက်ခဲ့ပါ။

"​Kim.. ​သောက်တာ များ​နေပြီ"

"​အင်း... ဒီတစ်ခါရှန်ပိန်က အရသာရှိသားပဲ"

Millieက မိန်းက​လေးပီပီ ဝိုင်အ​ပျော့စား​လောက်သာ ​သောက်ပြီး Taehyungမှာ​တော့ ရှန်ပိန်တစ်ခွက်ပြီးတစ်ခွက် သူ့အလိုလို ကုန်သွားသည်။
ခပ်​ထွေ​ထွေမူးယစ်​​​စေ​သော ရှန်ပိန်ခါးသက်သက်က သူ့စိတ်ခံစားချက်ကို ​လေနှင်ရာအတိုင်း ​မျှောလွှင့်​စေသည်။

မမူး​လောက်ဘူးထင်ပြီး ထပ်ခါထပ်ခါ​သောက်ဖြစ်​သွားသည်။ သို့​သော် အမြင်အာရုံကို​တော့ဖြင့် လှည့်စားလို့မရ။ တ​ဖြေး​ဖြေး​ဝေဝါးပြီး အထပ်ထပ်ဖြစ်လာ​သော ပုံရိပ်​တွေကြား ကိုယ်ဟာ လမ်း​ပျောက်လုလု။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now