Part 16

2.6K 419 82
                                    

Unicode~

ကြယ်​ရောင်စုံမြင်ရ​သော Oswiecim၏ ​ကောင်းကင်။

သူတို့နှစ်​ယောက်လုံး အိမ်​ရှေ့ တံခါး​ဘောင်​ပေါ် ထိုင်​နေခဲ့ကြသည်။ ညနက်​သော်ငြား Oswiecimည​တွေက တစ်မျိုးထူးခြားပါသည်။
အထူးတလည်တက်စရာ ဧည့်ခံပွဲမရှိ၊ ​​လောကွတ်​ချော်ရမည့် အ​ပေါင်းအသင်းမရှိ။
သူတို့နှစ်​ယောက်တည်းသာ..။

ဪ.. နှစ်ဦး​ပေါင်း၍တစ်ဘဝဖြစ်​သော စွယ်​တော်ရွက်ကဲ့သို့ဘဝကို​တောင် ​ရောက်ခဲ့ကြပြီတဲ့လား။ ဘယ်သူကများ ​ရွေးချယ်လိုက်တာပါလိမ့်။
သည်ခရီး သည်လမ်းကို ​လျှောက်ရလိမ့်မည်ဟု ဘယ်သူက တရား​သေသတ်မှတ်​ပေးလိုက်တာပါလိမ့်။

"ခင်ဗျား​တော့ ပျင်း​နေ​တော့မှာပဲ"

"အင်း.."

"ဒီမှာ ဘာလင်မြို့​တော်လို ညကြီးမင်းကြီး​ပျော်ပွဲရွှင်ပွဲတက်​နေမယ့်လူ​တွေ မရှိဘူး။ အခု​ခေတ်အ​ခြေအ​နေအရ​ပေါ့"

"အရင်က​ရော စစ်​တွေ မဖြစ်ခင်က"

သူတို့နှစ်​ယောက်ကြား အကွာအ​​​ဝေးက စစ်ဆိုသည့် ​ဝေါဟာရ​​ကြောင့်သာ ပို​​ဝေးကွာ​နေရခြင်းဖြစ်သည်။ စစ်သာ မရှိလျှင် လူမျိုး​ရေးခွဲခြားမှု​တွေလည်း ဤမျှရှိလိမ့်မည်မဟုတ်။
စစ်သာမဖြစ်ခဲ့လျှင် သူတို့ကမ္ဘာငယ်က ဤမျှ​ခြောက်ခြားစရာ​ကောင်းလိမ့်မည်မဟုတ်။
စစ်ဆိုသည့်အရာဟာ စာလုံးတစ်လုံးတည်းနှင့်ပင် ​လောကနိယာမအဖုံဖုံကို လွှမ်းမိုး​စေတတ်သော သတ္တိရှိပါ၏။

"စစ်​တွေမဖြစ်ခင်က ညညဆို အခု​လောက် မတိတ်ဆိတ်ဘူး။ ည​ဈေးတန်း​တွေ ရိုးရာပွဲ​တော်​တွေ.."

"​ပျော်စရာ​ကောင်းခဲ့မှာပဲ"

"ပိုက်ဆံသာရှိရင်..၊ ဝန်ထုပ်ဝန်ပိုး​တွေသာမရှိရင် ​ပျော်စရာ​ကောင်းခဲ့မှာ​ပေါ့"

Jeon JungKookက မ​ပျော်ခဲ့ရဘူး​ပေါ့။ မိသားစုတာ၀န်ဟူသမျှကို ချို့ချို့တဲ့တဲ့လိုက်​ဖြေရှင်း​ပေး​နေရသည်က ​ပျော်စရာ​ကောင်းသည့်ကိစ္စမှ မဟုတ်​လေပဲ။
သည်လူ့ဘဝမှာ ဒဏ်ရာဒဏ်ချက်အပြည့်။ သူဒါ​တွေကို ​စော​စောကများမြင်နိုင်ခဲ့ရင် အ​ကောင်းသား​ပေါ့။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now