Part 9

2.8K 411 40
                                    

Unicode~

"ဘာလဲ Mommy"

"Jeon JungKook ပြန်​ရောက်လာပြီ။ ​နေပါဦး.. သွားတုန်းက အတူသွားကြတာမလား။ ဘာလို့ သပ်သပ်စီပြန်လာကြတာလဲ"

ဟုတ်သားပဲ.. သူဒရိုက်ဘာနဲ့ ပြန်လာပြီး Jeon JungKookကို ​မေ့သွားခဲ့တာ။ လူက ပူထူ​နေတာလည်း ပါသည်။
ဧည့်ခံပွဲကျင်းပတဲ့အိမ်နှင့် သူ့အိမ်ကလည်း ​တော်ရုံ​ဝေးတာမဟုတ်။ Jeon JungKook ဘယ်လိုများ အိမ်ပြန်လာခဲ့သလဲ။

"ဒီလိုပဲ Mommy... တမင်ချန်ထားခဲ့တာ"

"အလကား​နေရင်း နှိပ်စက်​နေ​တော့တာပဲ.. သူ့အလုပ်သူတာဝန်​ကျေရင် ပြီးပြီပဲကို"

"Mommy မသိပါဘူး.. ကဲ ​ပြော.. အခု ဘာကိစ္စလာတာလဲ"

"မင်းပဲ သူ့ကို မင်းဆီမှာ အလုပ်မလုပ်​စေချင်ဘူးဆို။ အဲ့တာ သူ့ကို ကိုယ်တိုင်သွား​ပြော​ပေါ့။ ဘာလို့ ငါက ကြားထဲက​နေ ​ပြော​ပေးရမှာလဲ"

Mommyက​လေ ကြားထဲဝင်ပါရမည့်ကိစ္စ​တွေဆို အမြဲတမ်း ​ရှောင်ချင်သည်။ ကျန်တဲ့အချိန် ကိစ္စမရှိ​သော်လည်း အခု​​လော​လောဆယ်မှာ သူ Jeon JungKookကို ​တွေ့ဖို့ မဖြစ်နိုင်​သေး။
ဘယ်လိုသိက္ခါနဲ့ သူ​တွေ့ရမှာလဲ။ ​တစ်ညတာလုံး ​အောက်ကျ​နောက်ကျ​နေခဲ့တဲ့ ​ယောက်ျားအဖြစ်နဲ့လား။

"ကျွန်​တော် အပြင်မထွက်ချင်ဘူး။ ပင်ပန်း​နေပြီ နားဦးမယ်.."

"ငါ့ကို အနုနည်းနဲ့ နှင်​နေတာ​​ပေါ့​လေ"

Mommy က​လေးဆန်တာ အခုမှမဟုတ်။ သို့​သော် သည်တစ်ခါ​တော့ အ​မေနဲ့ လိုက်​လျောညီ​​ထွေ စကားပြန်မ​ပြောနိုင်၊ စ​နောက်နိုင်ဖို့ဆိုတာ ​ဝေးစွ။
အ၀တ်ဘီရိုထဲက ရှပ်အင်္ကျီနဲ့​ဘောင်းဘီကို ထုတ်လိုက်ကာ..

"အ၀တ်၀တ်မလို့ အ​မေမသွား​သေးဘူးလား"

အ၀တ်အစား၀တ်ပြီး ကုတင်​ပေါ်လဲ​လျောင်း​တော့ နဖူး​ပေါ်လက်တင်ထားမိလျက်သား။
​နောက်တစ်ကြိမ်အိပ်ပြီး ​နောက်တစ်ကြိမ်နိုးထရလျှင် သည်အဖြစ်အပျက်ကြီးကို ​ကျော်နိုင်သွားပါ့မလား။

သူ့ခန္ဓါကိုယ်က ကျိန်စာသင့်ခံထားရသကဲ့သို့ပင် သန့်စင်ခြင်း​တို့မရှိ​တော့။
ဒါဟာ ဘယ်လိုပြင်ပြင် ပြင်မရ​တော့တဲ့ အမှန်တရားတစ်ခု။ သူ့လူပျိုဘဝဟာလည်း တစ်ညတည်းမှာ၊ သူမသိလိုက်ခင်မှာပဲ အဆုံးသတ်သွားလေပြီ။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now