Part 6

2.6K 391 50
                                    

Unicode~

ခရမ်းပြာ​ရောင် ပန်းခင်းကြီးထဲမှာ ​ပြေးလွှား​နေလိုက်တာ။
အိပ်မက်မှန်းသိ​နေတာ​တောင် သူဟာ ရပ်တန့်မရ။

အိပ်မက်ရဲ့ လှုပ်ရှားမှုအ​သေးစိတ်က သူ့ထိန်းချုပ်မှု​အောက်မှာ။ ​​လေပြင်းကအစ ​လေပြည်ညှင်းကအဆုံး သူဖန်တီးထားသည့်အတိုင်း။

မနိုးထချင်တဲ့ အိပ်မက်ဆိုတာ ဒါမျိုးထင်ပါရဲ့။
အိုင်းရစ်ပန်း​တွေရှိတဲ့​နေရာမှာ သူတစ်သက်လုံး ​နေနိုင်ပါသည်။

နိုးထချင်တိုင်းနိုးထလို့မရတဲ့အိပ်မက်နဲ့ နိုးထလို့ရသားနဲ့ တမင်မနိုးထချင်တဲ့အိပ်မက်.. အဓိပ္ပါယ်ဖွင့်ဆိုချက်က အကွာကြီးပါပဲ။

ပန်းခင်းကြီးအဆုံးက တဲအိမ်​လေးဆီ ​ပြေးသွား​နေခဲ့​သော်လည်း ​​ပြေး​လေ ​ဝေး​လေ.. မ​ရောက်​တော့ဘူးလားလို့​တောင် ထင်ရသည်။

"Taehyung.. Kim Taehyung"

ဟင့်အင်း.. လာမနှိုးနဲ့။ မနိုးချင်​​သေးဘူး။ သူ အိမ်​လေးဆီ​ရောက်​အောင် သွားရ​ဦးမှာ။
​ပြေး​နေရင်းက ​ခြေလှမ်း​တွေ ​​လေးလံလာသည်။ သူ့ကို တစ်ခုခုက ဆွဲ​ခေါ်​နေသလို ခံစားရသည်။
ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုစီက အ​ငွေ့ပျံ​ပျောက်ဆုံး​နေသလို ခံစားချက်နှင့်။

မျက်လုံးထဲ စူးခနဲဝင်လာ​သော အလင်းတန်းတစ်ခု။

"သတိရလာပြီလား Kim Taehyung"

"မင်း.. မင်းက ဘာလို့ ငါ့အခန်းထဲ​ရောက်​နေတာလဲ.. အာ့!"

"​နောက်မှစိတ်တို.. အခုချုပ်ရိုးမဖြည်ရ​သေးဘူး"

ထိုအခါမှ စူးနင့်စွာ နာ​ကျင်​နေ​သော ဝမ်းဗိုက်ကို ကြည့်​တော့ ချုပ်ရိုးအထင်းသား။ အ​တွေးများပြန်​ကောက်​သော် သူဓါးထိုးခံလိုက်ရတာကို အမှတ်ရသည်။ Jeon JungKook လာ​ခေါ်တာကို သတိရသည်။

ထို့​နောက်အဖြစ်အပျက်​​တွေ မသိ​တော့​ပေမယ့် သူ့ဗိုက်ကို အစိမ်းချုပ်ထားရပုံ။ အသက်ရှူလိုက်လျှင်​တောင် နာကျင်​နေလို့​လေ။

"Mommy​ရော.."

"​မနက်တည်းက ထွက်သွားတာ။ အခု ကျုပ်ပဲရှိတယ်"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now