Part 27

2.1K 350 60
                                    

Unicode~

စိုက်ပျိုး​ရေးဘဏ်ကို ​ရောက်​တော့ သူ့အတွက် ​နွေ​ခေါင်​​ခေါင် မိုးကြိုးပစ်သလို အဖြစ်မျိုး ခံစားလိုက်ရသည်။ ဝုန်းဒိုင်းဆိုသလို ပြုတ်ကျသွားသည့် ဂျုံ​ဈေး​​ကြောင့် JungKook ​ဆောက်တည်ရာမရ​တော့။

"မနက်က​ပြော​တော့ ​ပေါင် ၃၀ ​ဈေးနဲ့ဆို"

"ဟုတ်တယ်။ အခုတင် ကျသွားတာ"

ထိုလူက​တော့ ​အေး​အေး​ဆေး​ဆေး​​ပြော​နေတာပင်။ ကိုယ့်မှာ​တော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိ။
သွားပြီ... တစ်​နွေလုံး ကြိုးစားပမ်းစား နဖူးက​ချွေး ​ခြေမ,ကျ​အောင် လုပ်ခဲ့သမျှ တစ်ရက်တည်းနှင့် ပျက်စီးသွား​လေပြီ။
၆ဆ​လောက်ကျသွား​သော ​ဂျုံ​ဈေးနှင့်တွက်ကြည့်မည်ဆိုပါက သည်ဂျုံအိတ်၁၅အိတ်လုံး​ရောင်းတာ​တောင် ​ပေါင်၁၀၀မရနိုင်။
ဟိုလှည့်သည်လှည့်နှင့် ယူထားရ​သော ​ဆေးဖိုးဝါးခအ​ကြွေးများပင် ဆပ်လို့ ကုန်နိုင်ပါမည်လား။ ဒါ​တွေကို တစ်ခုချင်း​တွေးရင်း ​ခေါင်းတဆစ်ဆစ် ကိုက်လို့လာ​ချေပြီ​။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့လိုမလုပ်ပါနဲ့ဗျာ။ ကျုပ်တကယ်အသုံးလို​နေလို့ပါ"

"အဲ့တာဆိုလည်း မ​ရောင်းနဲ့​လေ။ ​ဈေးပြန်တက်မယ့်အချိန်အထိ​စောင့်​ပေါ့။ ​ဈေးက​တော့ ကျ​နေဦးမှာ အလကားနီးပါးဖြစ်တဲ့အထိပဲ"

"အချိန်သိပ်ကွာတာမှ မဟုတ်တာ။ ​ပေါင်၃၀နဲ့ရ​အောင်လုပ်​ပေးပါဗျာ"

ထိုစိုက်ပျိုး​ရေးဘဏ်မန်​နေဂျာက စိတ်ရှုပ်ဟန်ဖြင့် သူ့ပါးသိုင်း​မွေးကို ပွတ်သပ်လျက်။ ထိုလူကသာ စိတ်ရှုပ်ရုံရှုပ်တာ.. သူ့မှာ​တော့ ဘ​ဝပျက်လုနီးပါး။
သူသာ တစ်​ယောက်တည်းဆို သို့မဟုတ် Kim Taehyungသာ ကျန်းမာ​ရေး​ကောင်းမယ်ဆို အခု​လောက်ထိ ခက်ခဲမည်မဟုတ်။
အခု​တော့ဖြင့် သည်အချိန်ဟာ သူ့ဘဝတစ်ခုလုံးနှင့်ယှဥ်၍ အခက်ခဲဆုံးပင်။

"မရဘူး ၅​ပေါင်ပဲရမယ်"

"ကျုပ်တို့က လက်လုပ်လက်စားဗျ။ ခင်ဗျားတို့ကသာ ဘာရယ်မဟုတ် ​ဈေးကစား​နေတာ.. တကယ်တမ်းခံရတာ ကျုပ်တို့လယ်သမား​တွေပဲ"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Tahanan ng mga kuwento. Tumuklas ngayon