Part 30

2.4K 371 33
                                    

Unicode~

ရုပ်နာမ်စိတ်ဝိညာဥ်မရှိ​သော ​နေ့ရက်များဟာ လူတစ်​ယောက်​ကြောင့် အသက်ဝင် လှပ​နေခဲ့ရသည်ဆိုလျှင် ထိုလူတစ်​ယောက်ကပဲ ထို​နေ့ရက်များကို အဆုံးသတ်အသက်မဲ့​စေနိုင်ပါသည်။

လယ်​စောင့်တဲ​ရှေ့မှာ အိုင်းရစ်ပန်းပျိုးပင်များကို တစ်ပင်ချင်းစိုက်​နေသည့် JungKook. သူအသက်ရှိ​နေစဥ်ကာလမှာ​တော့ အိုင်းရစ်ပန်းများဟာ တစ်ခင်းလုံးဖြစ်သွားနိုင်ပါသည်။

"အစ်ကို JungKookက ဂျုံအိတ်​တွေကျ ထုပ်​မကူပေးဘဲ အဲ့ပန်း​တွေပဲစိုက်​နေတာ။ သူ့ဟာသူ အ​လေ့ကျ​ပေါက်လာတဲ့ပန်းကို အပင်ပန်းခံစိုက်လို့"

"အ​လေ့ကျပန်းကို တကူးတကမစိုက်ရဘူးလို့ မင်းကို ဘယ်သူ​ပြောလဲကွ"

ဗိုလ်ချုပ်Kimက​တော် ဘာ​ကြောင့် အိုင်းရစ်ပန်းများကို မကြိုက်ရလဲဆိုတာကို အခုမှ သူသ​​ဘော​ပေါက်​တော့သည်။ အ​လေ့ကျပန်းတဲ့​လေ။ မစိုက်မပျိုးဘဲ သဘာ​ဝအတိုင်း ​​ပေါက်လာတတ်​သော အိုင်းရစ်ပန်းပင်များအား တကူးတကစိုက်ကြသူက ရှားပါးသည်။ သည်ပန်း​တွေကို Kim Taehyung ဘယ်လိုများ ရှာ​တွေ့ခဲ့တာပါလိမ့်။

"ကျွန်​တော်က​တော့ အ​လေ့ကျပန်းပင်ကို တကူးတကစိုက်တယ်လို့ မ​ကြားဖူးမမြင်ဖူးပါဘူးဗျာ"

"အခုမြင်ဖူးပြီမလား။ အ​လေ့ကျပန်းဆို​ပေမယ့် သူ့အဓိပ္ပါယ်က ဘယ်​လောက်​တောင် လှလိုက်သလဲ"

"ဘာတဲ့လဲ"

"​မျှော်လင့်ချက်တဲ့"

ပြန်​ဖြေ​တော့ Adlerက မ​ကျေနပ်ဟန်ဖြင့် မျက်နှာရှုံ့မဲ့သွားသည်။ သူ​မျှော်လင့်ထားသည့်အ​ဖြေဟုတ်ဟန်မတူ။ က​လေးသဘာဝ စကားလုံးအတိမ်အနက်များကို သိပ်​တွေးယူ​လေ့မရှိဘဲ စကားလှလှများကိုသာ ​မျှော်လင့်ထားရှာမှာ​ပေါ့။

"ဟင် မလှပါဘူး။ ရိုးရိုးပဲဟာ.. မလှတဲ့အပြင် ဝမ်းနည်းစရာ​တောင်​​​ကောင်း​သေးတယ်။ ကျွန်​တော်က​တော့ ​မျှော်လင့်ရမှာကို သိပ်မုန်းတာပဲ"

"မင်းကများ ကြီးကြီးကျယ်ကျယ်။ ​ပြောစမ်းပါဦး မင်းက ဘာလို့များ မ​မျှော်လင့်ချင်ရတာလဲ"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now