Part 7

2.7K 405 88
                                    

Unicode~

"ဘာကွ! မင်းလို့ကျွန်ကများ ရာရာစစ"

'ခွပ်!'

"အဲ့တာက ဘာဖြစ်​နေကြတာလဲ"

နှုတ်ခမ်း​ထောင့်မှာ ​ယိုစိမ့်သွားတဲ့​သွေးစနှင့်အတူ ဩရှရှအသံ​နက်နက်ကို ကြားလိုက်ရသည်။

"ဗိုလ်ချုပ်Kimရဲ့ သားထင်တယ်။ မင်းကျွန်​လေးက အရမ်းလက်​ပေါက်ကပ်တာ​နော်.. မင်းဘယ်လိုဆုံးမထားလို့လဲ"

"Jeon JungKook.. ငါ့ကို​ပြော ဘာဖြစ်ကြတာလဲ"

"ခင်ဗျားကသာ ခင်ဗျားသားကိစ္စကို ကျုပ်လာခိုင်း​နေတာ​လေ။ ခိုင်းတဲ့ပုံစံကလည်း လုပ်​ပေးချင်စရာ သိပ်​ကောင်း​နေတာဆို​တော့"

ထိုလူက တရှူးရှူးတရှားရှား ​ဒေါသထွက်လို့​နေပြီ။ ကျွန်ဆိုရင် အကုန်ဝိုင်းပြီးခိုင်းစားရတယ်ထင်ရ​အောင် သူက ဘယ်​ခေတ်မှာ ကျန်ခဲ့တာလဲ။
ကျွန်လူတန်းစားဆိုတာ​တောင် ​ပျောက်ကွယ်လုလု​ခေတ်ကြီးမှာ ကျွန်လို့​ခေါင်းစဥ်တပ်တာ​ကပင် ရိုင်းရာကျပါသည်။

"​နေကြပါဦး.. Jeon JungKookက ကျွန်​တော့်အလုပ်သမားပါ။ ဒီကအစ်ကိုကြီး ခိုင်းချင်ရင်​တောင် ကျွန်​တော့်ကို ခွင့်ပြုချက်​တောင်းသင့်တာ​ပေါ့"

"အလုပ်သမားက မာန်တက်​နေတာမ​ပြောနဲ့။ အလုပ်ရှင်ကကို အလိုလိုက်ထားတာကိုး"

Taehyung အလိုမကျချင်​တော့။ ​အေး​အေး​ဆေး​ဆေး​ပျော်ပွဲစားထွက်လာတာကို ပြဿ​နာဖြေရှင်း​နေရတာပင် လွန်လှပြီ။
အခု​တော့ သူ့ကိုပါ အလုပ်သမားကိုမထိန်း​ကြောင်းနိုင်တဲ့လူလိုလို ​စော်ကား​မော်ကား​ပြောဆိုလို့။

"​ယောကျ်ား.. ရှင်ဘာလုပ်​နေတာလဲ။ သူ့အစ်ကို သွား​ကောက်​ပေးလိုက်ပြီ.. ပြန်လာ​တော့။
တကယ်တည်း.. ဒါ​လေး​ကောက်ခိုင်းတာကို သုံးစားလို့ကို မရဘူး"

ထိုလူကြီးရဲ့ အမျိုးသမီးဖြစ်သူက တတွတ်တွတ်လာ​ပြော​တော့မှ မချိသာမခံသာ မျက်နှာထားနှင့် ပြန်သွား​တော့သည်။
မဟုတ်ရင် ရန်ပွဲက သည့်ထက်ပိုဆိုးလာနိုင်သည်။

"​ကျေးဇူးပဲ.. Kim Taehyung"

"မလိုပါဘူး.. မင်းကို ငါပိုင်တယ်​​လေ"

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now