Part 15

2.6K 432 89
                                    

Unicode~

အသီးအရွက်နဲ့ အသား​ခြောက်အနည်းငယ်၊ ဂျုံအိတ်တစ်အိတ်နဲ့ တခြား​ကောက်ပဲများ.. အစစအရာရာက ​ဈေးတက်ပြီး ခပ်ရှားရှား။

Taehyungက​တော့ ​ဈေးတက်တယ်၊ ကျတယ်ဆိုတာ​တွေကို သိမ​နေပါ။ ဒါဟာ သူ့အဖို့တော့ ပထမဆုံး ​အစားအ​သောက်အတွက်ဈေး၀ယ်ထွက်ဖူးခြင်းပင်။
ဆန်ဆီ​ဈေး၊ ဂျုံ​ပြောင်း​​ဈေးအတက်အကျများဟာ သူနဲ့ သက်ဆိုင်လာလိမ့်မည်ဟူ၍လည်း အိပ်မက်​ထဲ​တောင်ထည့်မမက်ဖူးခဲ့။

"ဘာပဲဖြစ်ဖြစ် မီးဖိုး​ချောင်သုံးပစ္စည်း​တွေရှိ​နေလို့​တော်​သေးတာ​ပေါ့။ မဟုတ်ရင် ခုချိန်မှာ ပန်းကန်ခွက်​ယောက်ကအစ ​ဈေးကြီး​နေတာ​နဲ့"

Jeon JungKookက တစ်​ယောက်တည်း တီးတိုး​ရေရွတ်လျက်။ သူ့ဘက်က မနှစ်သိမ့်​ပေးသလို ဘာမှလည်း ပြန်မလုပ်​ပေးနိုင်။
သူ့ရဲ့နဂိုဘဝ​လေးက​နေ ချက်ချင်း​ချောက်ထဲကျသွားသကဲ့သို့​သော အ​ပြောင်းအလဲအ​ပေါ် အံဝင်ခွင်ကျဖြစ်​အောင်ပင် အနိုင်နိုင်လုပ်ယူ​နေရသည်။

"ဆီဝယ်ပြီးရင်​​တော့ အိမ်ပြန်ကြတာ​ပေါ့။ မနက်စာနဲ့ ​နေ့လည်စာလည်း လမ်းကဆိုင်မှာပဲ ​ပေါင်းစားကြမယ်"

"ဟင်...ဒါဆို မွန်းလွဲလက်ဖက်ရည်ချိန်က​ရော"

"ခင်ဗျားကိုလက်ဖက်ရည်ချိန်​ပေးနိုင်ဖို့ ကျုပ်အချိန်ယူကြိုးစားရဦးမယ်"

ဆိုလိုသည်က သည်မှာ လက်ဖက်ရည်ချိန်မရှိဘူး​ပေါ့။
တ​ဖြေး​ဖြေးနှင့် လူ​တွေ​ပြော​နေကျ အထည်ကြီးပျက်ဆိုတဲ့စကားကို အထာ​ပေါက်လာသည်။
အခု သူပါ အထည်ကြီးပျက်ဖြစ်​နေပြီ​လေ။

ချမ်းသားမှုနှင့် ဆင်းရဲမှုကြား အလွှာက ပါးပါး​လေး။ ထိုအလွှာပါးကို မ​ကျော်မိ​စေရန် ထိန်းသိမ်းဖို့ရာက လွယ်မ​ယောင်နဲ့ခက်သည်။
​နေ့ချင်းညချင်း သူထိုအလွှာပါးကို ဖြတ်​​ကျော်မိလိုက်ပြီး လှည့်ပြန်နိုင်စရာ အ​ကြောင်းမရှိ​တော့။

JungKookက ပစ္စည်း​တွေကို လက်နှစ်ဖက်နှင့်အပြည် သယ်သည်။ ဆီပုံး၊ ဂျုံအိတ်လို ပစ္စည်းအ​လေးကြီး​တွေ​ကြောင့် လက်​မောင်းကြွက်သားများက ဖုထစ်လျက်။
သို့တိုင်​အောင် ဘယ်ပစ္စည်းပစ္စယကိုမှ Taehyungကို သယ်မ,ခိုင်းခြင်းမရှိ။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now