Cha-56

5.4K 1.1K 79
                                    

[Unicode]

"အခု မင်းတို့ကပျိုးပင်ပေါက်တွေကို ရွာအဝင်ဝကနေပြန်သယ်ယူလာရမယ်"

ဒါရိုက်တာသည် သူ့ဘေးကပိန်ပိန်ပါးပါးအဘိုးအိုကို လက်ညိုးညွှန်ပြလိုက်ပြီးပြောလာ၏။

“ဒါကအန်ကယ်ဝမ် သူကမင်းတို့ကိုလမ်းပြပေးလိမ့်မယ်"

ထိုသို့ကြားလိုက်ရသော် ယွီချင့်ဟွမ်မှာစိတ်သက်သာရာရစွာ ပင့်သက်ချလိုက်မိပါ၏။သူတို့လုပ်ဆောင်ဖို့လိုသည့်အရာဆိုလို့ ပျိုးပင်များသယ်ယူပို့ဆောင်ရန်သာဖြစ်လို့နေတာပင်။ သူစိတ်ကူးမှန်းဆထားတာထက် သာလွန်နေသေး၏။

၎င်းမှာအတန်ငယ်အားစိုက်ထုတ်ရနိုင်ပေမယ့် ပရိုဂရမ်အဖွဲ့သားများသည် ယခုတစ်ခေါက်တွင်တော့ ဆိုးဆိုးဝါးဝါးအကြံအစည်တို့ဖြင့် ထွက်ပေါ်လာခြင်းမရှိပေ။

သူတို့အချိန်တိုင်း ရင်တဖိုဖိုရင်တမမဖြစ်နေရခြင်းအတွက်လည်း သူတို့အားအပြစ်တင်ရန်မသင့်ပါပေ။ လူထူးလူဆန်းဖြစ်တဲ့ဒါရိုက်တာဟာ သူ၏ကလိမ်စေ့ငြမ်းဆင်ဦးနှောက်ဖြင့် တခြားသူတွေအား ရယ်စရာပြက်လုံးဖြစ်အောင်လုပ်ဆောင်ရာတွင် စွမ်းဆောင်နိုင်စွမ်းရှိလွန်းပါ၏။

ကလိန်ကကျစ်ကျလှတဲ့စိတ်ကူးစိတ်သန်းတွေဟာ အနှီသူ၏ခေါင်းထဲကနေမလွတ်တမ်းထွက်ပေါ်နေလေသည်။

ရွာမှာနှစ်ရက်လောက်သာနေပြီးနောက်မှာတော့ စွဲလန်းမက်မောဖွယ်ကောင်းလှတဲ့ သားသားနားနားသရုပ်ဆောင်အတော်များများဟာ ဖုန်အလူးလူးအပေပေဖြစ်ကုန်ကြပါ၏။

ဝမ်ချန်ချန်မှ ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် ဒါရိုက်တာကြီးထံ တသီးတသန့်သွားရောက်တွေ့ဆုံခဲ့တယ်လို့တောင် ဆိုကြပေသည်။ သို့ပေမယ့် ကူလီကူမာများတဲ့ဒါရိုက်တာဆီကနေ ပရိယာယ်ဆင်ခြေတချို့ဖြင့် ပစ်ပစ်ခါခါငြင်းဆန်ခံရတာနဲ့ပဲ အဆုံးသတ်လာ၏။

"ခါးနာလိုက်တာ" ကျောက်ချင်းယွမ်မှာ လက်သီးဆုပ်ပြီး သူ့ခါးကိုအကြိမ်အနည်းငယ်ထုနှက်လိုက်ကာ ခါးသီးလှတဲ့မျက်နှာပေးဖြင့် ယွီချင့်ဟွမ်အားဆိုလာသည်။

"ငါအခုရေ‌လေးချိုးပြီး ကောင်းကောင်းလေးအိပ်စက်အနားယူချင်ရုံပါပဲကွာ"

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now